မန္တလေးမြို့၌ တပ်ကြပ်ကြီးတစ်ဦးပိုင်ဆိုင်သည့် ယာဉ်ငယ်တစ်စီး လက်လုပ်မိုင်းဖြင့် ဖောက်ခွဲခံရပြီး ပေါက်ကွဲမှုကြောင့် ဖြစ်စဉ်အနီးရှိ အမျိုးသမီးတစ်ဦး မစိုးရိမ်ရ ဒဏ်ရာရရှိ

PUBLISHED - December 26, 2021
မန္တလေး၊ ဒီဇင်ဘာ ၂၆ (People Media)
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ မေဃဂီရိရပ်ကွက်၊ လမ်း ၈၀/၈၁ လမ်းကြား၊ ၁၇/၁၈ လမ်း ကြား၌ အမှတ်(၁)မြေပြင်ဆေးတပ်ရင်းမှ တပ်ကြပ်ကြီး ပိုင်ဆိုင်သည့် Honda အဖြူရောင်(ခွေးဘီလူး) ယာဉ် သည် ယနေ့ နံနက် ရး၂၀ အချိန်က လက်လုပ်မိုင်းဖြင့် ဖောက်ခွဲခံရပြီး မီးလောင်ပျက်စီးသွားကြောင်း ဒေသခံ များ၏ ပြောဆိုချက်များအရ သိရသည်။
ဖြစ်စဉ်မှ ယနေ့ နံနက်ပိုင်းက အောင်မြေသာစံမြို့နယ်၊ မေဃဂီရိရပ်ကွက်၊ လမ်း ၈၀/၈၁လမ်းကြား၊ ၁၇/၁၈ လမ်းကြား၌ အမှတ်(၁)မြေပြင်ဆေးတပ်ရင်းမှ တပ်ကြပ်ကြီးပိုင်ဆိုင်သည့် Honda အဖြူရောင်(ခွေးဘီလူး) ယာဉ်သည် လမ်းအတွင်း၌ ရပ်ထားစဉ် အမည်မသိ အမျိုးသားနှစ်ဦးမှ ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီးနောက် ယာဉ်ပေါ်သို့ လက်လုပ်မိုင်းပစ်တင်ပြီး ဖောက်ခွဲခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဖောက်ခွဲမှုကြောင့် ယာဉ်မှာ မီးလောင်ပျက်စီးခဲ့ပြီး ပေါက်ကွဲမှုကြောင့် ဖြစ်စဉ်အနီးရှိ အသက် ၆၄ နှစ် အရွယ် အမျိုးသမီးတစ်ဦးသည် မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ လက်ရှိအချိန်၌ ဖြစ်စဉ်အနီးရှိ CCTV မှတ်တမ်းမှ တစ်ဆင့် စစ်ဆေးလျက်ရှိကြောင်း တာဝန်ရှိသူများထံမှ သိရသည်။
#PeopleMedia #မန္တလေးမြို့
(unicode)
…………………………………………………………
မန်တလေး၊ ဒီဇငျဘာ ၂၆ (People Media)
#PeopleMedia #မန်တလေးမွို့