မန္တလေးမြို့၌ KBZ ဘဏ် ဓါးပြတိုက်ရာ၌ ဦးဆောင်သူကို လုံခြုံရေးအဖွဲ့များက အသေပစ်ခတ် ဖမ်းဆီးနိုင်၊ သေဆုံးသွားသူသည် ရတနာပုံတော်လှန်ရေးအဖွဲ့ခေါင်းဆောင်ဖြစ်ကြောင်း အဆိုပါအဖွဲ့ သတင်းထုတ်ပြန်

PUBLISHED - June 27, 2022
မန္တလေး၊ ဇွန် ၂၇
ဇွန်လ ၁၇ ရက်နေ့က မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့၊ ချမ်းအေးသာဇံမြို့နယ်၊ KBZ ဘဏ်ခွဲ (၉) ကို ဓါးပြတိုက်ရာ၌ ဦးဆောင်သူကို လုံခြုံရေးအဖွဲ့များက ဇွန်လ ၂၅ ရက်နေ့တွင် မဟာအောင်မြေမြို့နယ်၌ အသေပစ်ခတ် ဖမ်းဆီးနိုင်ခဲ့သည်။
ဘဏ်ဓါးပြတိုက်ရာ၌ ဦးဆောင်သူသည် ရတနာပုံတော်လှန်ရေးအဖွဲ့မှ ခေါင်းဆောင်ဖြစ်သော ဆရာစွမ်းဖြစ် ကြောင်း ရတနာပုံတော်လှန်ရေးအဖွဲ့က ယနေ့ သတင်းထုတ်ပြန်ထားသည်။
ဖြစ်စဉ်မှာ ဇွန်လ ၁၇ ရက်နေ့က မန္တလေးမြို့၊ ချမ်းအေးသာဇံမြို့နယ်၊ KBZ ဘဏ်ခွဲ(၉) ကို ရတနာပုံတော်လှန် ရေးအဖွဲ့က ဓါးပြဝင်တိုက်ခိုက်ခဲ့ပြီးနောက် ဘဏ်ရှိ ကျပ်သိန်း ၄၄၉ သိန်းကို ယူဆောင်သွားသည်။
ဖြစ်စဉ်အပေါ် လုံခြုံရေးအဖွဲ့များက လိုက်လံဖော်ထုတ်ရာ အမျိုးသမီး ၃ ဦး(အရှင်)၊ အမျိုးသား ၃ ဦး (အရှင်) နှင့် အမျိုးသားတစ်ဦး အသေ(ရတနာပုံတော်လှန်ရေးအဖွဲ့ခေါင်းဆောင် ဆရာစွမ်း) တို့က ဖမ်းဆီးနိုင်ခဲ့သည်။
အဆိုပါ ရတနာပုံတော်လှန်ရေးအဖွဲ့(PDF) သည် လူအင်အား ၂၅ ဦးဖြင့် ဖွဲ့စည်းထားသော PDF အဖွဲ့ ဖြစ်သည်။
လက်ရှိအချိန်၌ PDF အဖွဲ့များသည် ရိက္ခာလိုအပ်ချက်၊ နေထိုင်ရေးလိုအပ်ချက်များကြောင့် ဘဏ်များကို ဓါးပြတိုက်ခြင်း၊ ဆက်ကြေးကောက်ခြင်းများကို ဆောင်ရွက်လျက်ရှိသည်။
#PeopleMedia #ရတနာပုံ
(unicode)
……………………………………..
မန်တလေး၊ ဇှနျ ၂၇