မန္တလေး မဟာမြတ်မုနိဘုရားကြီး အကြိမ်(၇၀)မြောက် ရွှေမိုက်ထုတ်ယူခြင်း စတင်၊ ၂၀၁၉ ခုနှစ်၌ ရွှေမိုက်ထုတ် ယူရာ ရွှေချိန်(၇) ပိဿာရရှိ

PUBLISHED - March 3, 2020
မန္တလေး၊ မတ် – ၃
(Unicode)
မန္တလေး မဟာမြတ်မုနိဘုရားကြီး အကြိမ်(၇၀)မြောက် ရွှေမိုက်ထုတ်ယူခြင်း စတင်၊ ၂၀၁၉ ခုနှစ်၌ ရွှေမိုက်ထုတ် ယူရာ ရွှေချိန်(ရ) ပိဿာရရှိ
…………………………………………………………
မန္တလေး၊ မတ် – ၃
မန္တလေး မဟာမြတ်မုနိဘုရားကြီး၏ အကြိမ်(၇၀)မြောက် ရွှေမိုက်ထုတ်ယူခြင်းကို ဖေဖော်ဝါရီလကုန်ပိုင်းက စတင် ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။
ရွှေမိုက်သည် မဟာမြတ်မုနိဘုရားကြီးသို့ ရွှေလာရောက်ကပ်လှူရာတွင် ပါဝင်သည့် ရွှေလှောင်စက္ကူများ၊ ဖိဂွမ်း များ၊ သစ်စေးလုံးစသည့်တို့ကို လှည်းကျင်းရာမှ ရရှိလာသည့် အထက်ရွှေမှုန့်၊ မဟာမြတ်မုနိ ပလ္လင်တော် အောက်ခြေတော်မှ ရရှိလာသည့် ရွှေမှုန့်များကို တစ်နှစ်စာ စုဆောင်းပြီး ရွှေမိုက်ထုတ်ယူတာလည်း ဖြစ်ပါ တယ်။
ထိုသို့ ရွှေမိုက်ထုတ်ယူရာ၌ ၂၀၁၈ ခုနှစ်၌ ၁၆ ပိသာကျော်၊ ၂၀၁၉ ခုနှစ်၌ ၇ ပိဿာကျော်ခန့် ရရှိခဲ့သည်။
#PeopleMedia #မဟာမြတ်မုနိ