မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်(ဟောင်း) ဒေါက်တာဇော်မြင့်မောင်အပါအဝင် ဝန်ကြီးဟောင်းများ ထောင် ဒဏ်အသီးသီး ချမှတ်ခံရ

PUBLISHED - December 9, 2021
မန္တလေး၊ ဒီဇင်ဘာ ၉ (People Media)
မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်(ဟောင်း) ဒေါက်တာဇော်မြင့်မောင်အပါအဝင် ဝန်ကြီးဟောင်းများသည် အိုးဘိုအကျဉ်းထောင်တွင် ဖွင့်လှစ်ထားသည့် အထူးတရားရုံးမှ ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၈ ရက်နေ့တွင် ထောင် ဒဏ်အသီးသီး ချမှတ်လိုက်ကြောင်း သိရသည်။
မန္တလေးတိုင်းဝန်ကြီးချုပ်(ဟောင်း) ဒေါက်တာဇော်မြင့်မောင်ကို နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅(ခ) အတွက် ထောင်ဒဏ် (၂)နှစ်၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅ အတွက် ထောင်ဒဏ် (၂) နှစ်၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေများပုဒ်မ ၃၀(က) ထောင်ဒဏ် (၁)နှစ် ချမှတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
မန္တလေးတိုင်းဒေသကြီးဝန်ကြီး(ဟောင်း)များ ဖြစ်ကြသည့် ဆောက်လုပ်ရေးနှင့် လျှပ်စစ်ဝန်ကြီး(ဟောင်း) ဦး ဇာနည်အောင်၊ လယ်ဆည်ဝန်ကြီး(ဟောင်း) ဒေါက်တာစိုးသန်းနှင့် တိုင်းအတွင်းရေးမှူး ဦးတင်ကိုကိုတို့ကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅ အတွက် ထောင်ဒဏ်(၂)နှစ်စီနှင့် မြို့တော်ဝန်ဟောင်း ဒေါက်တာရဲလွင်ကို နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅(ခ) အတွက် ထောင်ဒဏ်(၂)နှစ်ချမှတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးက တရားလိုပြုလုပ်ပြီး သက်ဆိုင်ရာမြို့နယ် တရားရုံးများတွင် တရားဆွဲထားခြင်းဖြစ်သည်။
Photo – NLD
#PeopleMedia #ဒေါက်တာဇော်မြင့်မောင် #မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဟောင်းများ
(unicode)
……………………………………………………
မန်တလေး၊ ဒီဇငျဘာ ၉ (People Media)
Photo – NLD