မန္တလေးတိုင်း၌ ဆေးဝါးနှင့် ဆေးပစ္စည်းများ ဈေးနှုန်းအဆမတန်မြှင့်တင်ရောင်းချခြင်းနှင့် အရည်အသွေးနိမ့် ပစ္စည်းများ ရောင်းချခြင်းရှိ၊ မရှိ ဈေးကွက်စောင့်ကြည့်ရေးအဖွဲ့စစ်ဆေး
PUBLISHED - August 16, 2021
နေပြည်တော်၊ ဩဂုတ် ၁၆ (People Media)
မန္တလေးတိုင်းဒေသကြီးမြို့ပေါ်ရှိ ဆေးဝါးနှင့် ဆေးပစ္စည်းများ သိုလှောင်ထားသည့်နေရာများသို့ ယနေ့ သြဂုတ် လ ၁၆ ရက်နေ့တွင် ဈေးကွက်စောင့်ကြည့်စစ်ဆေးကြပ်မတ်ရေးအဖွဲ့မှ တာဝန်ရှိသူများသွားရောက်စစ်ဆေး ခဲ့သည်။
အဆိုပါစစ်ဆေးရေးအဖွဲ့သည် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ဆေးဝါးနှင့် ဆေးပစ္စည်းများ သိုလှောင်ထား သည့်နေရာများသို့ သွားရောက်၍ ဆေးသိုလှောင်ရုံများအတွင်း ဆေးဝါးများ စနစ်တကျထားရှိမှုအခြေအနေ များ၊ နေ့စဉ်ဆေးဝါးရောက်ရှိဖြန့်ဖြူး လက်ကျန်စာရင်းများနှင့် မြေပြင်လက်ကျန် မှန်ကန်မှု ရှိ/မရှိ တိုက်ဆိုင်စစ် ဆေးကြည့်ရှုခြင်း၊ မြေပြင်အခြေအနေတွင် ဆေးဝါးများပြတ်လပ်မှုအခြေအနေများ ရှိ/မရှိ၊ ဆေးဝါးနှင့် ဆေးဝါး ပစ္စည်းများကို ဈေးကွက်အတွင်း ဈေးနှုန်း အဆမတန်မြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်နှင့် သို လှောင်ခြင်း၊ တရားမဝင်ကုန်ပစ္စည်းများ၊ အတုအပနှင့် အရည်အသွေးနိမ့်ပစ္စည်းများရောင်းချခြင်း ရှိ/မရှိတို့ကို စစ်ဆေးခဲ့သည်။
ထို့အပြင် မန္တလေးတိုင်းဒေသကြီး ခရိုင်/မြို့နယ်အားလုံးတွင်လည်း ခရိုင်/မြို့နယ်အဆင့် အဖွဲ့ များလည်းဖွဲ့ စည်းထားရှိပြီး နေ့စဉ် ဆေးဆိုင်များဖွင့်လှစ်မှု ရှိ၊ မရှိ ဆေးဝါးဈေးနှုန်းအခြေအနေ၊ စည်းကမ်းစနစ်တကျ ရောင်းချမှု ရှိ၊ မရှိတို့ကို ခရိုင်/မြို့နယ်အလိုက် စစ်ဆေးကြပ်မတ်ဆောင်ရွက်လျက်ရှိသည်ဟုဆိုသည်။
အလားတူ ဆေးဝါးနှင့် ဆေးပစ္စည်းများ ဈေးကွက်စောင့်ကြည့်စစ်ဆေးကြပ်မတ်ရေးအဖွဲ့ကို မန္တလေးတိုင်း ဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စားသုံးသူရေးရာ ဦးစီးဌာန၊ အကောက်ခွန်ဦးစီးဌာန၊ ကုန်သွယ် ရေးဦးစီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA)၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၊ တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့၊ မန္တလေးတိုင်းဒေသ ကြီးရဲတပ်ဖွဲ့နှင့် မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းတို့ဖြင့် ဖွဲ့စည်း ကာ ကြပ်မတ်စစ်ဆေးလျက်ရှိကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးမှ ထုတ်ပြန်ကြေညာထားသည်။
Photo – Credit
#PeopleMedia #မန္တလေး
(unicode)
……………………………………………………………………………
Photo – Credit
#PeopleMedia #မန်တလေး