မန္တလေးမှ ပြန်လာပြီး Quarantine မဝင်ဘဲ မြစ်ကြီးနား ရေစင်ဈေးနှင့် KBZ ဘဏ်တွင် သွားလာဖူးသည့် အမျိုးသမီးတစ်ဦး၌ ကိုဗစ်ပိုးတွေ့
![](https://cdn.myanmarseo.com/file/client-cdn/peoplemedia/wp-content/uploads/2020/12/131890517_139272711286566_9209232143266616362_n-624x468.jpg)
PUBLISHED - December 16, 2020
![](https://cdn.myanmarseo.com/file/client-cdn/peoplemedia/wp-content/uploads/2020/12/131890020_148399050052388_9186690612338196207_n-550x367.jpg)
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့သို့ မန္တလေးမှ ပြန်လာပြီး Quarantine မဝင်ဘဲ မြစ်ကြီးနား ရေစင်ဈေးနှင့် KBZ ဘဏ် (၁)တို့တွင် သွားလာဖူးသည့် အမျိုးသမီးတစ်ဦး၌ ကိုဗစ်ပိုးတွေ့ရှိကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာန တာဝန်ရှိသူတစ်ဦးက အတည်ပြုသည်။
ယင်းအမျိုးသမီးမှာ မန္တလေးဈေးချိုအနီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့၌ သွားလာခဲ့သည့် ခရီးသွားရာဇ၀င်ရှိပြီး ဒီဇင်ဘာလ ၄ ရက်နေ့တွင် မြစ်ကြီးနားသို့ ပြန်လာ၍ မီးရထားဝင်းအတွင်းရှိ အိမ်တွင်နေထိုင်ခဲ့ပြီး မြစ်ကြီးနား ရေစင်ဈေးနှင့် KBZ ဘဏ် (၁) သို့ သွားရောက်ခဲ့ကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက တာဝန်ရှိသူ က ပြောသည်။
လွမ်းအောင်
(unicode)
မန္တလေးမှ ပြန်လာပြီး Quarantine မဝင်ဘဲ မြစ်ကြီးနား ရေစင်စျေးနှင့် KBZ ဘဏ်တွင် သွားလာဖူးသည့် အမျိုးသမီးတစ်ဦး၌ ကိုဗစ်ပိုးတွေ့
…………………………………………………………
မြစ်ကြီးနား၊ ဒီဇင်ဘာ ၁၆ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့သို့ မန္တလေးမှ ပြန်လာပြီး Quarantine မဝင်ဘဲ မြစ်ကြီးနား ရေစင်စျေးနှင့် KBZ ဘဏ် (၁)တို့တွင် သွားလာဖူးသည့် အမျိုးသမီးတစ်ဦး၌ ကိုဗစ်ပိုးတွေ့ရှိကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာန တာဝန်ရှိသူတစ်ဦးက အတည်ပြုသည်။
အဆိုပါ ပိုးတွေ့အတည်ပြုလူနာမှာ အသက် (၃၀) အရွယ်ခန့် အမျိုးသမီးတစ်ဦးဖြစ်ပြီး ကိုဗစ်ပိုးတွေ့ရှိကြောင်း ကချင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ယနေ့ ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။
ယမန်နေ့ ဒီဇင်ဘာလ (၁၅) ရက်တွင် အနံ့မရ၊ ချောင်းဆိုး၊ နှာစေးစသည့် ရောဂါလက္ခဏာများ ခံစားရသဖြင့် မြစ်ကြီးနား ဆေးရုံကြီးသို့ သွားရောက်ဆေးကုသမှုခံယူရာမှ COVID-19 ရောဂါပိုးတွေ့ရှိခဲ့သည်။
ယင်းအမျိုးသမီးမှာ မန္တလေးစျေးချိုအနီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့၌ သွားလာခဲ့သည့် ခရီးသွားရာဇဝင်ရှိပြီး ဒီဇင်ဘာလ ၄ ရက်နေ့တွင် မြစ်ကြီးနားသို့ ပြန်လာ၍ မီးရထားဝင်းအတွင်းရှိ အိမ်တွင်နေထိုင်ခဲ့ပြီး မြစ်ကြီးနား ရေစင်စျေးနှင့် KBZ ဘဏ် (၁) သို့ သွားရောက်ခဲ့ကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက တာဝန်ရှိသူ က ပြောသည်။
ကချင်ပြည်နယ်အတွင်း ယမန်နေ့ (ဒီဇင်ဘာလ ၁၅) ရက်နေ့အထိ ကိုဗစ် ၁၉ အတည်ပြုလူနာ စုစုပေါင်း (၄၄၁) ဦး အထိရှိပြီဖြစ်သည်။
Photo – ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန
လွမ်းအောင်
#PeopleMedia #မြစ်ကြီးနား #COVID