မႏၲေလးရွိ KTV တစ္ခု ဗိုလ္ခ်ဳပ္ေမြးေန႔အထိမ္းအမွတ္ ေန႔ညအခမဲ့ အထူးပ႐ိုမိုးရွင္းေပးသည့္ ေၾကာ္ျငာ လူမႈကြန္ရက္တြင္ ေ၀ဖန္မႈမ်ားျပား
PUBLISHED - February 13, 2020
ရန္ကုန္၊ ေဖေဖၚဝါရီ – ၁၃
ယေန႔က်ေရာက္သည့္ ဗိုလ္ခ်ဳပ္ေအာင္ဆန္း၏ ၁၀၅ ႏွစ္ေျမာက္ေမြးေန႔တြင္ မႏၲေလးၿမိဳ႕ရွိ KTV တစ္ခုမွ ေမြးေန႔ အထိမ္းအမွတ္အျဖစ္ ေန႔ညအခမဲ့ အထူးပ႐ိုမိုးရွင္းေပးေၾကာင္း ေၾကာ္ျငာစာရြက္တစ္ခု လူမႈကြန္ရက္ facebook စာမ်က္ႏွာတြင္ လူအမ်ားမွ်ေ၀ေျပာဆိုမႈမ်ားျပားခဲ့သည္။
ဗိုလ္ခ်ဳပ္ေမြးေန႔ကို အသံုးခ်ကာ ယင္းသုိ႔ မလုပ္ေဆာင္သင့္ေၾကာင္း ေ၀ဖန္မႈမ်ားလည္းရွိခဲ့သည္။
ယင္းကိစၥႏွင့္ပတ္သက္ၿပီး KTV ဘက္မွမူ ေန႔၊ည အခမဲ့အထူးပ႐ိုမိုးရွင္းေပးျခင္းမဟုတ္ဘဲ နံနက္ ၁၀ နာရီမွ ညေန ၆ နာရီအထိ သီဆိုပါက ၂ ခ်ိန္စာသာ ယူျခင္းျဖစ္ေၾကာင္း KTV ဘက္မွ ဖုန္းလက္ခံေျဖဆိုသည့္ အမ်ိဳး သမီးကေျပာသည္။
အဆိုပါ KTV သည္ အခန္းခေစ်းနႈန္းမ်ားက်ပ္တစ္ေသာင္းေက်ာ္မွ စတင္ငွားရမ္းသီဆိုႏိုင္ကာ ယခင္အတိုင္း ပံုမွန္ပ႐ိုမိုးရွင္းသာရွိေၾကာင္း ယင္းသို႔ ေန႔၊ည အခမဲ့အထူးပ႐ိုမိုးရွင္းမရွိေၾကာင္း ဖုန္းလက္ခံေျဖဆိုသည့္ ယင္း KTV မွေျပာၾကားခဲ့သည္။
(Unicode)
မန္တလေးရှိ KTV တစ်ခု ဗိုလ်ချုပ်မွေးနေ့အထိမ်းအမှတ် နေ့ညအခမဲ့ အထူးပရိုမိုးရှင်းပေးသည့် ကြော်ငြာ လူမှုကွန်ရက်တွင် ဝေဖန်မှုများပြား
……………………………………………………
ရန်ကုန်၊ ဖေဖေါ်ဝါရီ – ၁၃
ယနေ့ကျရောက်သည့် ဗိုလ်ချုပ်အောင်ဆန်း၏ ၁၀၅ နှစ်မြောက်မွေးနေ့တွင် မန္တလေးမြို့ရှိ KTV တစ်ခုမှ မွေးနေ့ အထိမ်းအမှတ်အဖြစ် နေ့ညအခမဲ့ အထူးပရိုမိုးရှင်းပေးကြောင်း ကြော်ငြာစာရွက်တစ်ခု လူမှုကွန်ရက် facebook စာမျက်နှာတွင် လူအများမျှဝေပြောဆိုမှုများပြားခဲ့သည်။
ဗိုလ်ချုပ်မွေးနေ့ကို အသုံးချကာ ယင်းသို့ မလုပ်ဆောင်သင့်ကြောင်း ဝေဖန်မှုများလည်းရှိခဲ့သည်။
ယင်းကိစ္စနှင့်ပတ်သက်ပြီး KTV ဘက်မှမူ နေ့၊ည အခမဲ့အထူးပရိုမိုးရှင်းပေးခြင်းမဟုတ်ဘဲ နံနက် ၁၀ နာရီမှ ညနေ ၆ နာရီအထိ သီဆိုပါက ၂ ချိန်စာသာ ယူခြင်းဖြစ်ကြောင်း KTV ဘက်မှ ဖုန်းလက်ခံဖြေဆိုသည့် အမျိုး သမီးကပြောသည်။
အဆိုပါ KTV သည် အခန်းခဈေးနှုန်းများကျပ်တစ်သောင်းကျော်မှ စတင်ငှားရမ်းသီဆိုနိုင်ကာ ယခင်အတိုင်း ပုံမှန်ပရိုမိုးရှင်းသာရှိကြောင်း ယင်းသို့ နေ့၊ည အခမဲ့အထူးပရိုမိုးရှင်းမရှိကြောင်း ဖုန်းလက်ခံဖြေဆိုသည့် ယင်း KTV မှပြောကြားခဲ့သည်။
#PeopleMedia