မန္တလေးမြို့ရှိ CCTV Link ချိတ်ထားသည့် Network ကေဘယ်လ်ပုံးဗုံးဖြင့် ဖောက်ခွဲခံရ

PUBLISHED - November 25, 2021
မန္တလေး၊ နိုဝင်ဘာ ၂၅ (People Media)
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၌ လုံခြုံရေးကင်မရာများတပ်ဆင်မှုကို ချိတ်ဆက်ထားသည့် CCTV Link Network Cable ပုံးတစ်လုံးကို ဒေသခံ PDF အဖွဲ့က လက်လုပ်မိုင်းဖြင့် ဖောက်ခွဲခံရကြောင်း ဒေသခံများ ထံက သိရပါတယ်။
ဖောက်ခွဲခံရသည့် CCTV Link Network Cable ပုံးသည် အမရပူရမြိုနယ် လုံခြုံရေးအတွက် တက်ဆင်ထား သော Network Cable များဖြစ်ပြီး ဖောက်ခွဲမှုကြောင့် တော်တော်များများပျက်စီးခဲ့ကြောင်း ဒေသခံများထံက သိရပါတယ်။
“အခု စည်ပင်သာယာရေးကော်မတီရုံးနားက အပိုင်း ၁ လောက်ကို ချိတ်ဆက်ထားတဲ့ Network Link ပါ သူတို့ပြောနေကျသလို တစ်မြို့လုံးကို ချိတ်ဆက်ထားတဲ့ Network cable မျိုးမဟုတ်ဘူး အခုပြန်လည် ပြင်ဆင်မှုတွေကို ပြုလုပ်နေပါတယ်” ဟု ဒေသခံတစ်ဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းကလဲ မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြိုနယ် လုံခြုံရေးတာဝန်ယူပေးသည့် ယာဉ်တန်းများကို လက်လုပ်ဗုံးများဖြင့် တိုက်ခိုက်ခံရမှုဖြစ်စဉ်များလည်း ဖြစ်ပေါ်မှုရှိခဲ့သည်။
Photo – (ပုံအဟောင်းအသုံးပြုထားသည်)
#PeopleMedia #မန္တလေး #CCTV
(unicode)
မန်တလေးမွို့ရှိ CCTV Link ခြိတျထားသည့ျ Network ကဘေယျလျပုံးဗုံးဖွင့ျ ဖောကျခှဲခံရ
………………………………………………………
မန်တလေး၊ နိုဝငျဘာ ၂၅ (People Media)
#PeopleMedia #မန်တလေး #CCTV