မန္တလေးမြို့၊ ပရိယတ္တိသာသနဟိတအသင်းကြီးမှ ကျင်းပမည့် (၇၂) ကြိမ်မြောက် သာသနလင်္ကာရ သာမဏေ ကျော် စာလျှောက်မေးခမ်း ကျင်းပမည့်ရက် ရွှေ့ဆိုင်း

PUBLISHED - November 23, 2021
မန္တလေး၊ နိုဝင်ဘာ ၂၃ (People Media)
မန္တလေးမြို့ရှိ ပရိယတ္တိသာသနဟိတအသင်းကြီးမှ ကြီးမှူးကျင်းပမည့် ၁၃၈၃ ခုနှစ် (၇၂) ကြိမ်မြောက် သာသ နလင်္ကာရ သာမဏေ နှုတ်ထောက်နှင့် ရေးဖြေ စာလျှောက်မေးခမ်း ကျင်းပမည့်ရက်ကို ရွှေ့ဆိုင်းလိုက်ကြောင်း ယနေ့ ယင်းအသင်းမှ ထုတ်ပြန်လိုက်သည်။
“ဒီကခွင့်ပြုတဲ့ အရည်အတွက်ထက်များနေတဲ့အတွက် ရွှေ့ဆိုင်းလိုက်တာပါ” လို့ မန္တလေးမြို့ရှိ ပရိယတ္တိသာသ နဟိတအသင်းကြီးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
(၇၂) ကြိမ်မြောက် သာမဏေ စာလျောက်မေးခမ်းတွင် ပထမဆင့် (အောက်) မြန်မာပြည်မှ (၉၉၃)ပါး၊ ပထမ ဆင့် (အထက်)မှ (၁၂၈၃)ပါး၊ ဒုတိယအဆင့် (၉၈၆)ပါးနှင့် တတိယအဆင့် (၆၂၃) ပါး စုစုပေါင်း သာမဏေ (၃၈၈၅)ပါး ဝင်ရောက်ဖြေဆိုကြမည်ဖြစ်ကြောင်း ယင်းအသင်းမှ ထုတ်ပြန်ထားသည်။
(၇၂) ကြိမ်မြောက် သာသနလင်္ကာရ သာမဏေ နှုတ်ထောက်နှင့် ရေးဖြေ စာလျှောက်မေးခမ်း ကျင်းပမည့် ရက်ကို ထပ်မံ၍ ကြေငြာပေးမည်ဖြစ်ကြောင်း ယင်းအသင်းမှ ထုတ်ပြန်ထားသည်။
#PeopleMedia #သာသနာရေး #ပရိယတ္တိသာသနဟိတအသင်းကြီးသာမဏေ #နှုတ်ထောက်နှင့် ရေးဖြေစာ လျှောက်မေးခမ်း
(unicode)
………………………………………………………….
မန်တလေး၊ နိုဝငျဘာ ၂၃ (People Media)