မန္တလေးမြို့၌ နာရေးကူညီမှုအသင်းဥက္ကဋ္ဌဖြစ်သူသည် လက်ဖက်ရည်ဆိုင် ထိုင်နေစဉ် သေနတ်ဖြင့် လုပ်ကြံခံခဲ့ရပြီး ကျည်နှစ်ချက်ထိမှန်ခဲ့သော်လည်း အသက်ဘေးမှ လွတ်မြောက်ခဲ့

PUBLISHED - December 8, 2021
မန္တလေး၊ ဒီဇင်ဘာ ၈ (People Media)
ဒီဇင်ဘာ ၆ ရက်နေ့ မွန်းလွဲပိုင်းက မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ဒေါနသုခနာရေးကူညီမှု အသင်းဥက္ကဋ္ဌ ဦးကျော်သိန်းသည် လက်ဖက်ရည်ဆိုင် ထိုင်နေစဉ် သေနတ်ဖြင့် လုပ်ကြံခံခဲ့ရပြီး ကျည်ထိ မှန်ခဲ့သော်လည်း အသက်ဘေးမှ လွတ်မြောက်ခဲ့ကြောင်း သိရပါတယ်။
ချမ်းမြသာစည်မြို့နယ်၊ သံတောင်ရပ်ကွက်၊ ဒေါနသုခနာရေးကူညီမှုအသင်းဥက္ကဋ္ဌ ဦးကျော်သိန်းသည် လက် ဖက်ရည်ဆိုင်ထိုင်နေစဉ် သေနတ်သမားနှစ်ဦးက ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး လာရောက်လုပ်ကြံခဲ့တာ ဖြစ်ပါတယ်။
“ဒေါနသုခနာရေးကူညီမှုအသင်းဥက္ကဋ္ဌ လုပ်ကြံခံရတော့ သိရပါတယ်။ သေနတ်နဲ့နှစ်ချက်အပစ်ခံရတာ ကျည်က နံကြားကိုပဲ ရှပ်ထိတဲ့အခါကျတော့ ကံကောင်းလို့မသေဘူး။ အခုလို အကြောင်းမရှိအကြောင်း ရှာပြီးတော့ လူမှုကူညီရေးအသင်းကလူတွေကို လုပ်ကြံသတ်ဖြတ်တာကတော့ မဖြစ်သင့်ဘူး” ဟု မန္တလေးမြို့ ဒေသခံလူမှုကူညီရေးအသင်းမှတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
ဒေါနသုခနာရေးကူညီမှုအသင်းသည် ဖေဖော်ဝါရီလ ၁ ရက်နေ့နောက်ပိုင်း ဆန္ဒပြမှုများကိုနှိမ်နင်းမှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူများကို ဆေးရုံသို့ လိုက်လံကူညီပို့ဆောင်ပေးခဲ့သည့်အသင်းဖြစ်ပြီ ကိုဗစ်ရောဂါ ပြင်း ထန်ချိန်တွင်လည်း သေဆုံးသူများကို မီးသဂြိုလ်မှုပြုလုပ်ပေးခဲ့သည့်အသင်းတစ်ခုဖြစ်ကြောင်း သိရပါတယ်။
#PeopleMedia #နာရေးကူညီမှုအသင်း #မန္တလေး
(unicode)
………………………………………………………
မန်တလေး၊ ဒီဇငျဘာ ၈ (People Media)
#PeopleMedia #နာရေးကူညီမှုအသငျး #မန်တလေး