မန္တလေးမြို့၌ အမည်မသိ အမျိုးသားတစ်ဦး လုပ်ကြံသတ်ဖြတ်ခြင်းခံရ

PUBLISHED - September 24, 2021
မန္တလေး၊ စက်တင်ဘာ ၂၄ (People Media)
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၌ ယနေ့နံနက်ပိုင်းက အမည်မသိအမျိုးသားတစ်ဦးသည် လုပ်ကြံသတ်ဖြတ်ခြင်းခံခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။
လုပ်ကြံသတ်ဖြတ်ခြင်းခံရသည့် အမျိုးသား၏ အမည်နှင့် နေရပ်အား လက်ရှိအချိန်အထိ စုံစမ်းဆဲဖြစ်သည်။
လုပ်ကြံခံရသည့် အမျိုးသားသည် လည်ပင်းတွင် ပြတ်ရှဒဏ်ရာဖြင့် သေဆုံးနေခြင်းဖြစ်ကြောင်း ဒေသခံများ ထံက သိရသည်။
“မနက်က ၇ နာရီလောက်က ကျွန်တော်တို့ကို အကြောင်းကြားလို့ဆိုပြီးတော့ သွားပြီးတော့ ကူညီပေးတာ။ ကျွန်တော်တို့ ရောက်တဲ့အချိန်မှာ အလောင်းက တောင့်နေပြီ။ လုပ်ကြံသတ်ဖြတ်ခံရတယ်လို့ပဲ ယူဆတယ်။ ဘာလို့လည်းဆိုတော့ အခြားဒဏ်ရာတွေမရှိဘူး။ လည်ပင်းပတ်ရှဒဏ်ရာနဲ့ပဲ သေဆုံးနေတာဖြစ်ပါတယ်” ဟု ဒေသခံ လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ယခုရက်ပိုင်းအတွင်း မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်း ဒေသကြီး စသည့် မြို့ကြီးများတွင် လုပ်ကြံသတ်ဖြတ်မှုဖြစ်စဉ်များ နေ့စဉ်ဖြစ်ပေါ်နေလျက်ရှိသည်။
#PeopleMedia #မန္တလေး
(unicode)
………………………………………………………………
မန်တလေး၊ စကျတငျဘာ ၂၄ (People Media)
#PeopleMedia #မန်တလေး