မန္တလေးမြို့၌ ဖောက်ခွဲရေးပစ္စည်းများနှင့်ဖမ်းဆီးရမိသူများထဲတွင် AA လက်နက်ကိုင် အဖွဲ့မှ တပ်ကြပ်ကြီးတစ်ဦးနှင့် တပ်သားတစ်ဦးတို့ ပါဝင်ကြောင်း မန္တလေးတိုင်းဝန်ကြီး ချုပ်ပြောကြား
PUBLISHED - September 13, 2019
မန္တလေး၊ စက်တင်ဘာ ၁၃
ရိုက်ကူး – အောင်အောင်
မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ် မြို့သစ် ၅ ရပ်ကွက်၊ လမ်း ၇၀ ဒဿနလမ်းရှိ အိမ် အမှတ်(က-၅/၇၇)သို့ စက်တင်ဘာလ ၁၀ ရက် နံနက် ၉ နာရီခန့်က ဝင်ရောက်ရှာဖွေရာ AA လက်နက်ကိုင် တပ်အဖွဲ့ဝင်အမျိုးသားနှစ်ဦးနှင့် ဆက်စပ်သူသုံးဦးတို့ကို ဖောက်ခွဲေ ရးပစ္စည်းများဖြင့် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။
AA တပ်ကြပ်ကြီးတစ်ဦးပါတယ်။ AA တပ်သားတစ်ယောက်ပါတယ်။ ကျန်တာကတော့ ကူညီတဲ့ သူတွေပေါ့။ ဆက်စပ်တဲ့သူတွေပေါ့ အားလုံးပေါင်း ငါးယောက်ကိုတော့ ကျွန် တော်တို့ တရားစွဲဆိုထားတယ်။ စစ်ဆေးဆဲပေါ့။ “ဟု ဒေါက်တာဇော်မြင့်မောင်ကပြော သည်။
၎င်းဖမ်းဆီးရမိထားသူများနှင့်အတူ THLIRAYA XT-ITTE. Satellite Phone (အသစ်) အလုံး (၄၀)၊ မှန်ပြောင်း (BAIGISH) made in RUSSIA (၃၀) ခု၊ GARMIN (GPS+ GLONASS) (၂၅)လုံး၊ ယမ်းတုံးဟုယူဆရသော အထုပ်(၂၈)ထုပ်၊ ဒီတိုနီတာ ၁၀၀ ထုပ်ပါ (၁၀) ခု၊ ဖယောင်းချောင်း (၃၅) ချောင်း၊ စက္ကူဖြူ ၁၅ လိပ်ပါ (၃)ထုပ်၊ ယမ်းဖြူဟု ယူဆရသော (ဆာလာအိတ်ဖြင့်ထည့်လျက်) ၅ အိတ်နှင့် စက္ကူညို (၁) ထုပ်တို့ကို ဖမ်း ဆီးရမိခဲ့ခြင်းဖြစ်သည်။
ဆက်စပ်တရားခံများ ဖမ်းဆီးရမိရေးအတွက် စုံစမ်းစစ်နေဆဲဖြစ်ပြီး လုံခြုံရေးကိုလည်း ပုံမှန်ထက် တိုးမြှင့်ဆောင်ရွက်နေသည်ဟုလည်း ဒေါက်တာဇော်မြင့်မောင်ကဆိုသည်။
https://www.facebook.com/1120229281493723/videos/417046192271782/