• Follow Us on

Home မန္တလေးမြို့ ကညနရုံးရှေ့တွင် လက်လုပ်မိုင်းပေါက်ကွဲမှုဖြစ်ပွားရာ ၅ ဦး ထိခိုက်ဒဏ်ရာရရှိ

မန္တလေးမြို့ ကညနရုံးရှေ့တွင် လက်လုပ်မိုင်းပေါက်ကွဲမှုဖြစ်ပွားရာ ၅ ဦး ထိခိုက်ဒဏ်ရာရရှိ

Share this post

နေပြည်တော်၊ စက်တင်ဘာ ၂၇ (People Media)

 

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ သိပ္ပံလမ်း၊ ၇၃ လမ်းနှင့် ၇၈ လမ်းကြားရှိ ကညနရုံးရှေ့တွင် ပေါက်ကွဲမှုဖြစ်ပွား၍ ၅ ဦးခန့် ထိခိုက်ဒဏ်ရာရှိခဲ့သည်။

 

ထိခိုက်ဒဏ်ရာရှိသူများသည် မော်တော်ဆိုင်ကယ်လာရောက်သက်တမ်းတိုးသူများနှင့် လမ်းသွားလမ်းလာ သူများဖြစ်သည်။

 

“ဘယ်အချိန်က လာထောင်တယ်ဆိုတာကိုတော့ မသိဘူး။ ဒီအတိုင်းပေါက်ကွဲမှုဖြစ်ပွားတာ ထိခိုက်ဒဏ်ရာရရှိ တဲ့သူတွေကတော့ ရှိတယ် အများတော့မသိဘူး ခဲစထိမှန်တာတွေတော့ရှိတယ် တစ်ယောက်ကတော့ ဆေးရုံ ကို လူနာတင်ယာဉ်နဲ့တော့ ခေါ်သွားတယ်” ဟု အဆိုပါအနီးတွင် နေထိုင်သူတစ်ဦးက ပြောသည်။

 

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ သိပ္ပံလမ်း၊ ၇၃ လမ်းနှင့် ၇၈ လမ်းကြားရှိ ကညနရုံးရှေ့တွင် ယခုကဲ့သို့ လက်လုပ်မိုင်းပေါက်ကွဲမှု ဖြစ်ပွားသည်မှာ ဒုတိယအကြိမ်ဖြစ်ပြီး ပထမဖြစ်စဉ်၌လည်း လမ်းသွား လမ်းလာနှင့် ဆိုင်ကယ်သက်တမ်းတိုးသူ ၄ ဦးအထိ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

#PeopleMedia #မန္တလေး #ကညန

 

(unicode)


……………………………………………………………………

 


 


 


 


 


 

#PeopleMedia #မန်တလေး #ကညန


Share this post