မန္တလေးမြို့ ကျုံးပတ်လည် မဟာသြင်္ကန်ပွဲတော် ရေကစားမဏ္ဍပ်များအား ဖိတ်ခေါ်

PUBLISHED - March 24, 2022
မန္တလေး၊ မတ် ၂၄
မန္တလေးမြို့၊ ကျုံးပတ်လည် မြန်မာ့ရိုးရာ ယဉ်ကျေးမှု မဟာသြင်္ကန်ပွဲတော် ရေကစားမဏ္ဍပ်များ ဖိတ်ခေါ်လိုက် ကြောင်း မန္တလေးမြို့ စည်ပင်သာယာရေးကော်မတီမှ ထုတ်ပြန်ထားသည်။
မြန်မာ့ရိုးရာ ယဉ်ကျေးမှု မဟာသြင်္ကန်ပွဲတော် ရေကစားမဏ္ဍပ်များကို ၂၆ လမ်း၊ ၆၆ လမ်းမှ ၇၃ လမ်းအထိ ရေးကစားမဏ္ဍပ် (၇) နေရာ၏ကြားတွင် (ပေ၂၀-၁၂ပေ) အကျယ် မဏ္ဍပ်များအား နေရာချထားပေးသွားမည် ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
မဏ္ဍပ်များအား ဦးရာလူစနစ်ဖြင့် လျှောက်လွှာများအား မတ်လ ၂၅ ရက်နေ့မှ စတင်လက်ခံ၍ ဆောင်ရွက်သွား မည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
ရေပက်ကစားခွင့်ရရှိသူများ ခွင့်ပြုချက်မရဘဲ မြို့ရေပေးရေး၊ မီးသတ်ပိုက်ခေါင်းများမှ ရေထုတ်ယူ၍ ရေမကစား ရ၊ ရေစုပ်စက်ဖြင့် ရေပက်ကစားခြင်း ခွင့်မပြု၊ မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့် ကိုက်ညီသော လောင်းလှေ၊ စဉ့်အိုး၊ ရေစည်များ ချထား၍ ဖလားဖြင့်သာ ရေပက်ကစားရမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
ထို့ပြင် မိမိမဏ္ဍပ်တွင် တိုင်းရင်းသားရိုးရာဓလေ့နှင့် ဆန့်ကျင်သည့် မည်သည့်အပြင်အဆင်မျှခွင့်မပြု၊ မဏ္ဍပ် Stage ပေါ်တွင် တီးဝိုင်း၊ DJ စက်များ လုံးဝခွင့်မပြုဘဲ၊ တေးသီချင်းသီးသန့်သာ ဖွင့်ခွင့်ပြုမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
#PeopleMedia
(unicode)
မန်တလေးမွို့ ကြုံးပတျလညျ မဟာသငျ်ကွနျပှဲတောျ ရကေစားမဏ်ဍပျမြားအား ဖိတျခေါျ
……………………………………..
မန်တလေး၊ မတျ ၂၄
#PeopleMedia