• Follow Us on
Latest News

Home မန္တလေးမြို့ ကျောက်ရောင်းဝယ်ရေးစခန်း၌ ဗုံးပေါက်ကွဲမှုဖြစ်၊ လူထိခိုက် ဒဏ်ရာရရှိမှုမရှိ

မန္တလေးမြို့ ကျောက်ရောင်းဝယ်ရေးစခန်း၌ ဗုံးပေါက်ကွဲမှုဖြစ်၊ လူထိခိုက် ဒဏ်ရာရရှိမှုမရှိ

Share this post

မန္တလေး၊ ဒီဇင်ဘာ ၂၉ (People Media)

 

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်ရှိ ကျောက်ရောင်းဝယ်ရေးစခန်းတွင် ဒီဇင်ဘာ ၂၉ ရက်နေ့ နံနက် အစောပိုင်းက ပေါက်ကွဲမှုဖြစ်ပေါ်ခဲ့ပါတယ်။

 

ပေါက်ကွဲမှုဖြစ်ပေါ်ခဲ့တဲ့နေရာသည် ကျောက်များရောင်းချသည့် စခန်းအတွင်း၌ ဖြစ်ပေါ်ခဲ့တာဖြစ်ပြီး လူထိ ခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း သိရပါတယ်။

 

“အစောပိုင်းက ပေါက်တာ လူထိခိုက်ဒဏ်ရာရရှိတာတွေတော့မရှိဘူး။ ပေါက်ကွဲတဲ့အသံကတော့ တော် တော်ကျယ်ပါတယ်” ဟု ဒေသခံတစ်ဦးက ပြောပါတယ်။

 

မန္တလေးမြို့ ကျောက်မျက်ရောင်းဝယ်ရေးစခန်း၌ လက်လုပ်ဗုံးများ ပေါက်ကွဲမှုဖြစ်ပေါ်ခဲ့သည်မှာ ယခု တစ် ကြိမ်အပါအဝင် ၃ ကြိမ် အထိရှိပြီး ပေါက်ကွဲမှုဖြစ်သည့်အချိန်များသည် နံနက်အစောပိုင်းက အချိန်များတွင် ပေါက်ကွဲမှုဖြစ်ပေါ်ခဲ့ခြင်းဖြစ်ပါတယ်။

 

Photo – credit(ပုံဟောင်းအသုံးပြုထားသည်)

 

#PeopleMedia #မန္တလေး #ကျောက်ဝိုင်း

 

(unicode)


………………………………………………………

 

မန်တလေး၊ ဒီဇငျဘာ ၂၉ (People Media)

 


 


 


 


 


 

#PeopleMedia #မန်တလေး #ကြောကျဝိုငျး


Share this post