ယခင်ဗဟိုဘဏ်ဥက္ကဋ္ဌက ပထမဆုံးအမေရိကန်အမျိုးသမီး ငွေတိုက်ဝန်ကြီးဖြစ်လာ

PUBLISHED - January 26, 2021
ဝါရှင်တန်၊ ဇန်နဝါရီ ၂၆ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)
အမေရိကန်ငွေတိုက်ဝန်ကြီးအဖြစ် အမျိုးသမီးတယောက်ကို အမေရိကန်အထက်လွှတ်တော်က အတည်ပြု လိုက်သည်။
၂၀၁၄ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ အမေရိကန်ဗဟိုဘဏ်ဥက္ကဋ္ဌအဖြစ်တာဝန်ယူခဲ့သူ မစ္စ ဂျဲနက် ယယ်လန်ကို အထက်လွှတ်တော်ဘဏ္ဍာရေးကော်မတီဝင်ပါတီ ၂ ရပ်စလုံးက အစောပိုင်းတွင် ထောက်ခံခဲ့သည်။
သူသည် ကမ္ဘာ့ကပ်ရောဂါကို ဘိုင်ဒန်အစိုးရ၏စီးပွားရေးတုံ့ပြန်မှုအား လမ်းညွှန်ရာတွင်တာဝန်ခံရမည်ဖြစ်သည်။
ကိုရိုနာဗိုင်းရပ်စ်ကမ္ဘာ့ကပ်ရောဂါကြောင့်ထိခိုက်မှုမှ စီးပွားရေးအရပြန်လည်နာလံထူရန် အမေရိကန်နိုင်ငံရုန်း ကန်နေသည်။
ကိုရိုနာဗိုင်းရပ်စ်ကမ္ဘာ့ကပ်ရောဂါသက်သာရေးနှင့် စီးပွားရေးနှိုးဆွမှုများအတွက် ဒေါ်လာသန်းပေါင်းသန်းချီ ခွင့်ပြုရန် ဇန်နဝါရီ ၁၉ ရက်က အတည်ပြုရေးကြားနာမှုတွင် မစ္စ ယယ်လန်က ကွန်ဂရက်လွှတ်တော်ကို တိုက်တွန်းခဲ့သည်။
အမေရိကန်ဗဟိုဘဏ်ဥက္ကဋ္ဌအဖြစ်တာဝန်ယူခဲ့စဉ်က အလုပ်သမားများအပေါ်ဗဟိုဘဏ်မူဝါဒများ၏ ဆိုးကျိုး သက်ရောက်မှုများနှင့် အမေရိကန်နိုင်ငံ၏မြင့်တက်နေသောမညီမျှမှုများကြောင့်ကုန်ကျစရိတ်များအပေါ် ပိုမိုအာရုံစိုက်ခဲ့ခြင်းအတွက် သူ့ကို လူသိများသည်။
သမ္မတဟောင်း ဘားရက် အိုဘားမားက ၂၀၁၄ ခုနှစ်တွင် သူ့ကို ဥက္ကဋ္ဌအဖြစ်အမည်မတင်သွင်းခင်က သူသည် ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌအဖြစ်အပါအဝင် ဘုတ်အဖွဲ့ဝင်အဖြစ် ဆယ်စုနှစ်တခုကြာအောင် တာဝန်ယူခဲ့သည်။
Ref : Janet Yellen to be first female US treasury secretary
#PeopleMedia
(unicode)
……………………………………………..
Ref : Janet Yellen to be first female US treasury secretary
#PeopleMedia