ယခင် အစိုးရအဖွဲ့၏ လူပုဂ္ဂိုလ်နှင့် ရာထူးများကို ယခင်အတိုင်းဆက်လက်အသုံးပြုပါက ဥပဒေအရ ငြိစွန်းမှု ဖြစ်လျှင် ကူညီမည်မဟုတ်ကြောင်း သတင်းမီဒီယာကောင်စီထုတ်ပြန်၊ လက်ရှိအချိန်၌ ဖမ်းဆီးခံ သတင်း ထောက် ၄၂ ဦး ရှိနေ

PUBLISHED - December 23, 2021
ရန်ကုန်၊ ဒီဇင်ဘာ ၂၃ (People Media)
လက်ရှိ ပြည်တွင်းမီဒီယာတချို့နှင့် ပြည်ပမီဒီယာတချို့တွင် ယခင် အစိုးရအဖွဲ့၏ လူပုဂ္ဂိုလ်နှင့် ရာထူးများကို ယခင်အတိုင်းအသုံးပြုနေခြင်းကို တွေ့ရှိသည့်အတွက် အဆိုပါကဲ့သို့ ဆက်လက်အသုံးပြုပါက ဥပဒေအရ အရေးယူမှုရှိလျှင်တာဝန်ယူ ဖြေရှင်းပေးမည်မဟုတ်ကြောင်း မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီက ဒီဇင်ဘာ ၂၂ ရက်ပါ ရက်စွဲဖြင့် ထုတ်ပြန်ကြေငြာသည်။
အဆိုပါ ကြေငြာချက်တွင် သတင်းမီဒီယာလုပ်ငန်းများ အားဆောင်ရွက်ရာတွင် သတင်းမီဒီယာဥပဒေ နည်း ဥပဒေများနှင့်အညီ တည်ဆဲဥပဒေများအား လိုက်နာ၍ ကျင့်ဝတ်နှင့်အညီ သတင်းရယူကာ ရေးသားဖော်ပြ ခွင့်ရှိကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
သတင်းမီဒီယာသမားများအနေဖြင့် သတင်းဖော်ပြရာတွင် တည်ဆဲအစိုးရ၏ အမည်၊ ရာထူး၊ ဌာနနှင့် အင်္ဂါစဉ် များကိုလည်းကောင်း ယခင်အစိုးရအဖွဲ့နှင့် ပတ်သက်သည့် ရာထူး၊ ဌာန၊ လူပုဂ္ဂိုလ်များကိုလည်ကောင်း ရေး သားဖော်ပြရာတွင် အသုံးအနှုန်းအား လေ့လာ၍ လျော်ညီမှန်ကန်စွာ တင်ပြရန် လိုအပ်ကြောင်း ထုတ်ပြန် ချက်တွင် ပါရှိသည်။
လက်ရှိတွင် သတင်းမီဒီယာသမားသည် ယခင်အစိုးရအဖွဲ့ဝင်များအား လက်ရှိ အစိုးရအဖြစ် တည်ရှိနေခြင်း သဖွယ် အသုံးပြုနေခြင်းကို တွေ့ရှိနေရကြောင်း ထိုသို့ ရေးသားဖော်ပြခြင်းသည် နည်းဥပဒေနှင့် တည်ဆဲဥပဒေ များကို ချိုးဖောက်ခြင်းဖြစ်သည့်အတွက် ဆက်လက်ရေးသားဖော်ပြရန် မလိုကြောင်း ဖော်ပြထားသည်။
ယင်းကဲ့သို့ ဆက်လက်၍ ရေးသားဖော်ပြပါက ဥပဒေအရ တစ်စုံတစ်ရာ ငြိစွန်းမှုဖြစ်ပေါ်ပါက မြန်မာနိုင်ငံသ တင်းမီဒီယာကောင်စီအနေဖြင့် တာဝန်ယူကူညီ ဖြေရှင်းပေးမည်မဟုတ်ကြောင်း ဖော်ပြထားသည်။
လက်ရှိအချိန်၌ မြန်မာနိုင်ငံရှိ သတင်းထောက်၊ အလွတ်တန်းသတင်းထောက်၊ ဓါတ်ပုံသတင်းထောက် စသည်ဖြင့် စုစုပေါင်း ၄၂ ဦး ဖမ်းဆီးခံခဲ့ရပြီး အလွတ်တန်း ဓါတ်ပုံသတင်းထောက်ဖြစ်သူ ဦးစိုးနိုင်သည် ဖမ်းဆီးခံရပြီးနောက် ကွယ်လွန်ခဲ့သည်။
#PeopleMedia #MPC
(unicode)
…………………………………………………………..
#PeopleMedia #MPC