ယခင် UEC မှ ရွေးကောက်ပွဲအတွက် ဆန္ဒမဲလက်မှတ်ရိုက်နှိပ်မှု စုစုပေါင်း (၁၃၉၃၃၁၁၂၀) ထိ ရိုက်နှိပ်ခဲ့

PUBLISHED - February 24, 2021
နေပြည်တော်၊ ဖေဖော်ဝါရီ ၂၄
ယခင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ၂၀၂၀ နိုဝင်ဘာလ ၈ ရက်နေ့က ကျင်းပခဲ့သည့် ရွေး ကောက်ပွဲအတွက် ဆန္ဒမဲလက်မှတ် ကနဦးရိုက်နှိပ်မှုနှင့် ထပ်မံရိုက်နှိပ်မှုမှာ (၁၃၉၃၃၁၁၂၀) ထိ ရိုက်နှိပ်ခဲ့ ကြောင်း နိုင်ငံပိုင်သတင်းစာ ဖော်ပြထားသည်။
ဆန္ဒမဲလက်မှတ် ရိုက်နှိပ်မှုအား စစ်ဆေးခဲ့ရာ ၂၀၂၀ ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့တွင် ကနဦးဆန္ဒမဲလက် မှတ်ပေါင်း (၁၃၈၄၆၀၂၇၀) ရွက်ရိုက်နှိပ်ခဲ့ပြီး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ များ၏ လိုအပ်ချက်အရ ထပ်မံ၍ ၉ ကြိမ် ရိုက်နှိပ်ခဲ့ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအနေဖြင့် အထွေထွေရွေးကောက်ပွဲကျင်းပရန် တစ် ရက်အလို ၂၀၂၀ ခုနှစ် နိုဝင်ဘာလ ၇ ရက်နေ့တွင် ၂ ကြိမ် ထပ်မံမှာကြားချက်အရ ဆန္ဒမဲလက်မှတ်များ ရိုက်နှိပ်ခဲ့ကြောင်း နိုင်ငံပိုင်သတင်းစာဖော်ပြခဲ့သည်။
ဆန္ဒမဲလက်မှတ်ရိုက်နှိပ်မှုစုစုပေါင်းမှာ ပြည်သူ့လွှတ်တော် (၄၄၁၆၉၃၄၄)၊ အမျိုးသားလွှတ်တော် (၄၄၁၄၈၂၂ ၉)၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော် (၄၃၂၉၅၃၇၄)နှင့် တိုင်းရင်းသားလူမျိုး (၇၇၁၈၁၇၃) စုစုပေါင်း ဆန္ဒမဲလက်မှတ် ရိုက်နှိပ်မှု (၁၃၉၃၃၁၁၂၀)ဖြစ်ကြောင်း သိရသည်။
#PeopleMedia
(unicode)
…………………………………………………
#PeopleMedia