ယခုနှစ်နှစ်လကျော်အတွင်းမြန်မာနိုင်ငံအတွင်းသို့တရားမဝင်ဝင်ရောက်လာသည့်ပြည်ပနိုင်ငံသား၆၅၉၉ ဦးကိုထိန်းသိမ်းနိုင်ခဲ့

PUBLISHED - March 17, 2025
နေပြည်တော်၊ မတ် ၁၇
၂၀၂၅ ခုနှစ် ဇန်နဝါရီ ၃၀ ရက်မှ မတ်လ ၁၆ ရက်အထိ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား ၆၅၉၉ ဦးကို စစ်ဆေးဖော်ထုတ် ထိန်းသိမ်းနိုင်ခဲ့ကြောင်း သိရသည်။
ကရင်ပြည်နယ် မြဝတီမြို့-မယ်ထော်သလေးနှင့် KK Park နယ်မြေများတို့၌ အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများကျူးလွန်ခဲ့ကြသည့် တရုတ်နိုင်ငံသား ၁၆၃ ဦးကို ယမန်နေံ့တွင် ထပ်မံစစ်ဆေးဖော်ထု တ်ထိန်းသိမ်းနိုင်ခဲ့ပြီး၊ သက်ဆိုင်ရာနိုင်ငံသို့ အမြန်ဆုံး ပြန်လည်လွှဲပြောင်းပေးနိုင်ရေးအတွက် ၎င်းတို့၏ ကိုယ်ရေးအချက်အလက်များနှင့် မှတ်တမ်းများစာရင်းကောက်ယူခြင်း လုပ်ငန်းများဆောင်ရွက်ခဲ့ကြသည်။
၂၀၂၅ ခုနှစ် ဇန်နဝါရီ ၃၀ ရက်မှ မတ်လ ၁၆ ရက်အထိ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား စုစုပေါင်းဦးရေ ၆၅၉၉ ဦးကို စစ်ဆေးဖော်ထုတ် ထိန်းသိမ်းနိုင်ခဲ့ကာ ၎င်းတို့အနက်မှ ၃၅၈၈ ဦးကို ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံသို့ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ လွှဲပြောင်းပေးခဲ့ပြီးကျန်ရှိသည့် ပြည်ပနိုင်ငံသား ၃၀၁၁ ဦးကို သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ ထိန်းသိမ်းခဲ့သည့် ပြည်ပနိုင်ငံသား ၆၅၉၉ ဦးသည် တရုတ်၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ မလေးရှား၊ ပါကစ္စတန်၊ အိန္ဒိယ၊ ယူဂါန်ဒါ၊ အီသီယိုးပီးယား၊ နီပေါ၊ ထိုင်း၊ ဂျပန်၊ ရဝမ်ဒါ၊ ကင်ညာ၊ ကာဇတ်စတန်၊ ကမ္ဘောဒီး ယား၊ ဂါနာ၊ဘင်္ဂလားဒေ့ရှ်နှင့် တရုတ် (တိုင်ပေ) တို့မှ နိုင်ငံသားများဖြစ်ကြပြီး အများစုမှာ တရုတ်နိုင်ငံသား များဖြစ်ကြကြောင်း သိရသည်။
Photo-Credit
#PeopleMedia