• Follow Us on

Home ယခုနှစ်မိုးရာသီတွင် နိုင်ငံပိုင်သစ်တောစိုက်ခင်းများအပါအဝင် သစ်ပင်ပေါင်း ၂၄ ဒသမ ၆၂၉ သန်း စိုက်ပျိုးခဲ့

ယခုနှစ်မိုးရာသီတွင် နိုင်ငံပိုင်သစ်တောစိုက်ခင်းများအပါအဝင် သစ်ပင်ပေါင်း ၂၄ ဒသမ ၆၂၉ သန်း စိုက်ပျိုးခဲ့

Share this post

နေပြည်တော်၊ စက်တင်ဘာ ၆

 

၂၀၂၃ ခုနှစ်၊ တတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို ယမန်နေ့တွင် နေပြည်တော်၊ ဒက္ခိဏ ခရိုင်၊ လယ်ဝေးမြို့နယ်၊ ရန်အောင်မြင်ကြိုးဝိုင်း အကွက်အမှတ်(၁၃) အတွင်း၌ ကျင်းပရာ နိုင်ငံတော်စီမံ ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ခဲ့သည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက သစ်ပင်စိုက်ပျိုးပွဲတွင် သစ်မျိုး ၁၅ မျိုး၊ အပင်ပေါင်း ၂၅၂၀ ပင်ကို စိုက်ပျိုးသွားမည်ဖြစ်ပါကြောင်း၊ သစ်ပင်များကို တစ်နိုင်ငံလုံး အရှိန်အဟုန်ဖြင့် နှစ်စဉ်စိုက်ပျိုးလျက်ရှိပြီး အခုနှစ် မိုးရာသီတွင် နိုင်ငံပိုင်သစ်တောစိုက်ခင်းများအပါအဝင် သစ်ပင်ပေါင်း ၂၄ ဒသမ ၆၂၉ သန်း စိုက်ပျိုး တည် ထောင်လျက်ရှိကြောင်း၊ သစ်ပင်သစ်တောများသည် သက်ရှိများနေထိုင်ရာ ကမ္ဘာမြေကြီးသာယာလှပစေရုံ သာ မက သက်ရှိများ ကောင်းမွန်စွာ ရှင်သန်နိုင်ရန် များစွာပံ့ပိုးကူညီပေးနေကြောင်း၊ ထို့ပြင်ဇီဝမျိုးစုံမျိုးကွဲများကို ထိန်းသိမ်းပေးပြီး ဂေဟစနစ်များကိုလည်း တည်ငြိမ်စေပါကြောင်း၊ ရာသီဥတုမျှတကောင်းမွန်စေပြီး မြေနှင့် ရေကို ထိန်းသိမ်းပေးခြင်းဖြင့် ရေကြီးခြင်း၊ မြေပြိုခြင်းနှင့် လေမုန်တိုင်းကျရောက်ခြင်းစသည့် သဘာဝဘေး အန္တရာယ်များမှ ကာကွယ်ပေးကြောင်း ပြောသည်။

 

၂၀၂၃ ခုနှစ်၊ မေ ၁၄ ရက်၌ ရခိုင်ပြည်နယ်တွင် တိုက်ခတ်ခဲ့သည့် မိုခါ မုန်တိုင်းကြောင့် စစ်တွေမြို့အပါအဝင် မုန်တိုင်းဒဏ်ခံခဲ့ရသည့် မြို့နယ် ၁၀မြို့နယ်ကို ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် တစ်ခုအပါအဝင်ဖြစ် သည် သစ်ပင်စိုက်ပျိုး ထိန်းသိမ်းခြင်းကို သဘာဝဘေးအန္တရာယ်များမှ ကြံ့ကြံ့ခံနိုင်ရန်အရှိန်အဟုန်ဖြင့်  ဆောင်ရွက်ပေးနေသည်ကို အားလုံးအသိပင်ဖြစ်ကြောင်း၊ ထို့ကြောင့် သဘာဝ ဘေးအန္တရာယ်များ တားဆီး ကာကွယ်နိုင်ရန်အတွက် သစ်တောပြုန်းတီးမှု လျော့နည်း ရေးနှင့် ကမ်းရိုးတန်းတစ်လျှောက် သဘာဝအစိမ်း ရောင်တံတိုင်းများဖြစ်သည့် ဒီရေတောနှင့် သစ်ပင်သစ်တောများကို အရှိန်အဟုန်မြှင့် စိုက်ပျိုးထိန်းသိမ်းရေး အထူး အလေးထားဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြော သည်။

 

ထို့ပြင် မိုးလေဝသခန့်မှန်းချက်များအရ ၂၀၂၃ ခုနှစ် စက်တင်ဘာလမှ ၂၀၂၄ ခုနှစ် မတ်လကာလအတွင်း အယ်လ်နီညိုဖြစ်စဉ်များ ကြုံတွေ့ရမည်ဟုသိရှိရကြောင်း၊ ယခင်အတွေ့အကြုံများအရ မိုးခေါင်ရေရှားခြင်းနှင့် ပူပြင်းခြောက်သွေ့ခြင်း များ ဖြစ်ပေါ်နိုင်သည့်အတွက် ပူပြင်းခြောက်သွေ့ဒဏ် ခံနိုင်မှုရှိစေရေးနှင့် ရေပြတ်လပ် မှုမရှိစေရေး ကဏ္ဍအလိုက် ကြိုတင်ပြင်ဆင်သွားကြရန်လည်း လိုအပ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌက ပြောကြားခဲ့သည်။

 

#PeopleMedia


Share this post