• Follow Us on
Latest News

Home ယခုနှစ်အတွက် အကောင်းဆုံးရုပ်ရှင်ဇာတ်ကားဆုအပါအဝင် အနုပညာထူးချွန်ဆုနှင့် အတတ်ပညာထူးချွန်ဆု ၁၁ ဆုတို့ကို ပေးအပ်ချီးမြှင့်သွားမည်

ယခုနှစ်အတွက် အကောင်းဆုံးရုပ်ရှင်ဇာတ်ကားဆုအပါအဝင် အနုပညာထူးချွန်ဆုနှင့် အတတ်ပညာထူးချွန်ဆု ၁၁ ဆုတို့ကို ပေးအပ်ချီးမြှင့်သွားမည်

Share this post

နေပြည်တော်၊ ဖေဖော်ဝါရီ ၂

 

ယခုနှစ်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုချီးမြှင့်ပွဲ ဆန်ခါတင်စာရင်းဝင် ရုပ်ရှင်ဇာတ်ကား ၁၂ ကား ရွေးချယ် ထားရှိပြီး အကောင်းဆုံးရုပ်ရှင်ဇာတ်ကားဆုအပါအဝင် အနုပညာထူးချွန်ဆုနှင့် အတတ်ပညာထူးချွန်ဆု ၁၁ ဆုတို့ကို ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

 

၂၀၂၃ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲကို နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်း ရှင်းဗဟိုဌာန – ၁ (MICC–1) ၌ ယခင်နှစ်များနှင့်မတူ ခမ်းနားထည်ဝါစွာ ကျင်းပသွားနိုင်ရေး ပြင်ဆင်ဆောင် ရွက်လျက်ရှိသည်။

 

အဆိုပါအခမ်းအနားကျင်းပမည့် မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်း ဗဟိုဌာန(၁) ကျောက်စိမ်းခန်းမ၌ ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးနှင့် Forever Group တို့ ပူးပေါင်း၍ အကယ်ဒမီ ဆုပေးပွဲစင်မြင့်အား Curve LED များအသုံးပြု၍လည်းကောင်း၊ အကယ်ဒမီရွှေစင်ရုပ်တုများကို ခမ်းနားထည်ဝါ စွာ ဖော်ကျူး၍လည်းကောင်း၊ နိုင်ငံတကာအဆင့်မီ မီးအလင်းအမှောင်စနစ်များ၊ အသံစနစ်များဖြင့်လည်း ကောင်း၊ ခမ်းနားထည်ဝါစွာပြင်ဆင်ဆောင်ရွက်ထားပြီး မြန်မာနိုင်ငံဂီတအစည်းအရုံးမှ စီစဉ်ဆောင်ရွက်သည့် The Drive Band နှင့် နိုင်ငံကျော်တေးသံရှင်များ၏ ဖျော်ဖြေတင်ဆက်မှုများ၊ နိုင်ငံကျော်အနုပညာရှင်များ၊ အကယ်ဒမီရွှေကြိုများ၏ ကဏ္ဍအလိုက် တင်ဆက်မည့် အစီအစဉ်များကို ကြိုတင်ဇာတ်တိုက် လေ့ကျင့် ဆောင်ရွက်လျက်ရှိ‌ကြောင်း သိရသည်။

 

အခမ်းအနားတွင် ၂၀၂၃ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုများ ချီးမြှင့်မှုအပြင် အကောင်းဆုံးဝတ်စားဆင် ယင်မှု (Fashion Award) များကိုလည်း ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ပြီး နိုင်ငံကျော်အနုပညာရှင်များ အခမ်း အနားတက်ရောက်လာမှုများကို နိုင်ငံတကာဆုပေးပွဲများနည်းတူ Rail Camera နှင့် Crane Camera များအပါအဝင် ကင်မရာ ၁၁ လုံးကို အသုံးပြု၍ အကယ်ဒမီရင်ခုန်သံအင်တာဗျူးများနှင့် အကောင်းဆုံး ဝတ်စားဆင်ယင်မှု (Fa-shion Award) ဆုအတွက် ပြင်ဆင်လာမှုများကို ရိုက်ကူးပြသသွားနိုင်ရေး စီစဉ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ထို့ပြင် ဂုဏ်ပြုခံလျှောက်လမ်း (Red Carpet) တစ်လျှောက်တွင် ရုပ်ရှင်တစ်သက် တာဆုရရှိသူများ၏ မှတ်တမ်းဓာတ်ပုံများ၊ ၁၉၅၂-၂၀၂၂ အထိ ရုပ်ရှင်ဇာတ်ကားဆု များ၏ မှတ်တမ်းဓာတ်ပုံများ၊ ၁၉၅၂ ခုနှစ် မှ ၂၀၂၂ ခုနှစ်အထိ နှစ်အလိုက် ရုပ်ရှင် ထူးချွန်ဆုရ ဇာတ်ကားနှင့် ထူးချွန်ဆုရ အနုပညာရှင် အတတ်ပညာ ရှင်များ၏ မှတ်တမ်းဓာတ်ပုံများ၊ မြန်မာ့ရုပ်ရှင်ထူးချွန်ဆု အများဆုံးရရှိသူများ၏ မှတ်တမ်းဓာတ်ပုံများ၊ ၂၀၂၃ ခုနှစ်အတွင်း ရုံတင်ပြသခဲ့သည့် ဇာတ်ကားများစာရင်းစသည့်တို့ဖြင့် ပြင်ဆင်ဆောင်ရွက်ထားရှိပြီး အနုပညာ ရှင်များ၏ ပွဲတက်လာမှုများကို မီးအလင်းအမှောင်များပေး၍ ရိုက်ကူးပြသနိုင်ရေး ပြင်ဆင်ဆောင်ရွက်ထား ရှိကြောင်း သိရသည်။

 

#PeopleMedia


Share this post