• Follow Us on
Latest News

Home ယခုနှစ်အတွင်း အကြမ်းဖက်ဖောက်ခွဲဖျက်စီးမှု ၄၈၉ ကြိမ်ဖြစ်ပွားခဲ့ပြီး၊ သေဆုံးသူ ၇၈၂ ဦးရှိခဲ့ကြောင်း နစက ဥက္ကဋ္ဌ ပြောကြား

ယခုနှစ်အတွင်း အကြမ်းဖက်ဖောက်ခွဲဖျက်စီးမှု ၄၈၉ ကြိမ်ဖြစ်ပွားခဲ့ပြီး၊ သေဆုံးသူ ၇၈၂ ဦးရှိခဲ့ကြောင်း နစက ဥက္ကဋ္ဌ ပြောကြား

Share this post

နေပြည်တော်၊ ဇူလိုင် ၁၄

 

ယခုနှစ်အတွင်း ဇူလိုင် ၁၁ ရက်အထိ အကြမ်းဖက်ဖောက်ခွဲဖျက်စီးမှု ၄၈၉ ကြိမ်ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၇၈၂ ဦးရှိခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်က ပြောသည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည် ယမန်နေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းခဲ့သည့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးတွင် မှာကြား ခဲ့ခြင်းဖြစ်သည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော်တာ ဝန် ထမ်းဆောင်မှု ၂ နှစ်ပြည့်ပြီးနောက်ပိုင်း အရေးပေါ်သက်တမ်းကာလ ၆ လ တိုးပြီးသည့်အချိန်တွင် ရှေ့လုပ်ငန်း စဉ် (၅)ရပ် ပြင်ဆင်ချမှတ်ဆောင်ရွက်ခဲ့ပြီး ၎င်းတို့သည် နိုင်ငံ၏ အဓိကဆောင်ရွက်ရမည့် အရေးကြီးလုပ်ငန်း များဖြစ်ကြောင်း၊ အဆိုပါ ရှေ့လုပ်ငန်းစဉ်များကို အစိုးရအဖွဲ့မှအကောင်အထည်ဖော်ဆောင်ရွက်ရခြင်း ဖြစ် ကြောင်း၊ အဆိုပါ ရှေ့လုပ်ငန်းစဉ်တွင် အရေးကြီးဆုံးအချက်မှာ ပြည်သူတို့၏ လူမှုစီးပွားဘဝလုံခြုံရေးအတွက် ပြည်ထောင်စုတစ်ဝန်းလုံး တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး အပြည့်အဝရရှိစေရန် အလေးထား လုပ်ဆောင်မည်ဟူသည့် အချက်ဖြစ်ကြောင်း၊ ရှေ့လုပ်ငန်းစဉ်များအနက် နောက်ဆုံးအချက်သည် အရေးပေါ် ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးစီးပါက ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) နှင့်အညီ လွတ်လပ်ပြီး တရားမျှတသောပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲအား ပြန်လည်ကျင်းပ၍ အနိုင်ရ သည့်ပါတီအား ဒီမိုကရေစီစံနှုန်းများနှင့် အညီ နိုင်ငံတော် တာဝန်အား လွှဲအပ်နိုင်ရေး ဆက်လက်ဆောင် ရွက်သွားမည်ဟူသည့် အချက်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်ရန်အတွက် ပထမဆုံးအချက်ကို အလေးထား အကောင်အထည်ဖော် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပြောသည်။

 

ထို့ပြင် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးအတွက် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ၂၀၂၁ ခုနှစ်မှ ၂၀၂၂ ခုနှစ်အတွင်းအကြမ်းဖက်မှုဖြစ်စဉ်များကြောင့် အပြစ်မဲ့ပြည်သူ၊ နိုင်ငံ့ဝန်ထမ်းနှင့် သာသနာ့နွယ်ဝင်များစွာ ထိခိုက်သေဆုံးမှုများရှိခဲ့ကြောင်း၊ ထို့ကြောင့်အရေးပေါ်အခြေအနေနှင့်ပတ်သက်၍ ဆက်လက်ဆောင်ရွက်ရန် လိုအပ်နေသေးသဖြင့် အရေးပေါ်ကာလကို တိုးမြှင့်ဆောင်ရွက်ရန် ရှင်းလင်းပြောကြားခဲ့ပြီးဖြစ်ကြောင်း၊ ယခုနှစ် အတွင်း ဇူလိုင် ၁၁ ရက်အထိ အကြမ်းဖက်ဖောက်ခွဲဖျက်စီးမှု ၄၈၉ ကြိမ်ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၇၈၂ ဦးရှိခဲ့ ကြောင်း၊ အကြမ်းဖက်ဖြစ်စဉ်များ လျော့သွားသော်လည်း ဆက်လက်ဖြစ်ပွားလျက်ရှိသည်ကိုတွေ့ရှိရကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြောသည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးနှင့် ပတ်သက်၍ အပြည့်အဝဆောင်ရွက်နိုင်ရေး အလေးထားဆောင်ရွက်သွားမည်ဆိုသည့်အချက်တွင် အကောင် အထည်ဖော်နိုင်ရန်အတွက်လိုအပ်ချက်များရှိနေသေးသည်ကိုတွေ့ရှိရကြောင်း၊ အကြမ်းဖက်မှုဖြစ်စဉ်များတွင် အဆိုးဆုံးမှာ စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်နှင့် ကယားပြည်နယ်တို့ဖြစ်ကြကြောင်း၊ ထို့ကြောင့်မိမိတို့အနေဖြင့် ပြည်သူ့လုံခြုံရေးအတွက် ယခုထက်ပိုမိုဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ လုံခြုံရေးတာဝန်ထမ်းဆောင်ချိန် အတွင်း၌လည်း ရဲတပ်ဖွဲ့ဝင်များအနေဖြင့် ထိခိုက်သေဆုံးမှုအချို့ဖြစ်ပေါ်ခဲ့ကြောင်း ပြောကြားခဲ့သည်။

 

#PeopleMedia


Share this post