• Follow Us on
Latest News

Home ယခုလအတွင်း ပြည်ပမှ စက်သုံးဆီတင်ဆောင်လာသည့် သင်္ဘော ၂၉ စင်း ဝင်ရောက်မည်

ယခုလအတွင်း ပြည်ပမှ စက်သုံးဆီတင်ဆောင်လာသည့် သင်္ဘော ၂၉ စင်း ဝင်ရောက်မည်

Share this post

နေပြည်တော်၊ ဖေဖော်ဝါရီ ၈

 

ယခု ဖေဖော်ဝါရီလအတွင်း ပြည်ပမှ စက်သုံးဆီတင်သင်္ဘော ၂၉ စင်း ဝင်ရောက်မည်ဖြစ်ကြောင်း စက်သုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီမှ သိရသည်။

 

လက်ရှိတွင် သီလဝါဆိပ်ကမ်းနယ်မြေရှိ  ဆီချဆိပ်ကမ်းများတွင် စက်သုံးဆီတင်သင်္ဘော ၆ စင်းနှင့် ပင်လယ်ဝတွင် သင်္ဘော ၃ စင်း၊ လမ်းခရီးတွင် သင်္ဘော ၁ စင်း၊ ပြည်ပနိုင်ငံတွင် စက်သုံးဆီတင်ဆောင်နေသည့် သင်္ဘော ၁၀ စင်းသည် အသင့်ဖြစ်နေပြီဖြစ်ကာ  ဖေဖော်ဝါရီလအတွင်း သင်္ဘော ၂၉စင်း စဉ်ဆက်မပြတ် တင်သွင်းနိုင်ရန်အတွက် ကြိုတင်စီမံဆောင်ရွက်ထားကြောင်း သိရသည်။

 

ထိုပြင် ပြည်တွင်းစက်သုံးဆီဖူလုံမှု ရှိစေရန် နေ့စဉ်သုံးစွဲမှု ပမာဏအပြင်အရန်ဆီအနေဖြင့် တစ်လစာခန့်တင်သွင်းသို လှောင်ထားရှိပြီး သီလဝါဆိပ်ကမ်းမှတစ်ဆင့်နိုင်ငံတဝန်းသို့ ဖြန့်ဖြူးပို့ဆောင်ပေးလျက်ရှိကြောင်း၊ စက်သုံးဆီပြတ်လပ်မှုမရှိဘဲ လိုအပ်သည့်နေရာတွင် လိုအပ်သည့်ပမာဏကို ဝယ်ယူနိုင်ရန် စီမံထားရှိထားရှိသည့်အတွက် ယခင်ကထက် စက်သုံးဆီ တစ်လီတာ ၈၅ကျပ်မှ ၁၁၅ကျပ်အထိ ဆက်တိုက်ကျဆင်းလျက်ရှိ‌ကြောင်း ကော်မတီမှ သိရသည်။

 

#PeopleMedia


Share this post