• Follow Us on
Latest News

Home ယခုလ ၄ ရက်မှစတင်၍ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးဝင်းအတွင်းဝင်ရောက်ချိန်တွင် ဖုန်း၊ ဗီဒီယိုမှတ် တမ်းများရိုက်ကူးခြင်းနှင့် အပျော်တမ်းကင်မရာရိုက်ကူးခြင်းများကို ထိုက်သင့်သည့်နှုန်းထားများဖြင့် ကောက် ခံမည်

ယခုလ ၄ ရက်မှစတင်၍ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးဝင်းအတွင်းဝင်ရောက်ချိန်တွင် ဖုန်း၊ ဗီဒီယိုမှတ် တမ်းများရိုက်ကူးခြင်းနှင့် အပျော်တမ်းကင်မရာရိုက်ကူးခြင်းများကို ထိုက်သင့်သည့်နှုန်းထားများဖြင့် ကောက် ခံမည်

Share this post

နေပြည်တော်၊ စက်တင်ဘာ ၂

 

စက်တင်ဘာ ၄ ရက်မှစတင်၍ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးဝင်းအတွင်း ဝင်ရောက်ချိန်တွင် ကင်မရာ ပါသည့် ဖုန်း၊ အခြားဗီဒီယိုမှတ်တမ်းများရိုက်ကူးခြင်းနှင့် အပျော်တမ်းကင်မရာရိုက်ကူးခြင်းများကို ထိုက်သင့် သည့်နှုန်းထားများဖြင့် ကောက်ခံသွားမည်ဖြစ်ကြောင် သိရသည်။

 

နေပြည်တော်ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ် ဝတ္တုကံတော်တွင် တည်ထားပူဇော်ထားရှိသည့် ကမ္ဘာပေါ်ရှိ ထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓ ရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်တော်မူသော မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးသို့ ယမန်နေ့ ဝါခေါင်လပြည့်ကျော်တစ်ရက်နေ့တွင် အနယ်နယ်အရပ်ရပ်မှ လာရောက် ဖူးမြော်ကြည်ညိုကြသည့် ရဟန်း၊ ရှင်လူ ဘုရားဖူးပြည်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

 

ထို့ပြင် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့အကျိုးတော်ဆောင် ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့၊ မင်း ကျောင်းပထမပြန်စာသင်တိုက်၊ ပဓာန နာယက၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဒေါက်တာ ဘဒ္ဒန္တစန္ဒိမာ ဘိဝံသ ဆရာတော်ကြီးအမှူးပြုသည့် အလှူရှင်များက ငွေကျပ်သိန်း ၂၄၀၀ လှူဒါန်းမှုအပါအဝင် အခြားသော ဘုရားဖူးလာ သူများက ကြည်ညိုသဒ္ဓါပွားများလျက် စေတနာသဒ္ဓါတရား ထက်သန်စွာဖြင့် အလှူ ငွေများကို ပေးအပ်လှူဒါန်းကြသည်။

 

မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးသို့ လာရောက်ဖူးမြော်ကြည်ညိုကြသည့် ရဟန်းသံဃာများ၊ သာသနာ နွယ်ဝင်သီလရှင်များနှင့် သက်ကြီးဘိုးဘွားများအား ကျန်းမာ ရွှင်လန်းစွာဖြင့် ဖူးမြော်ကြည်ညိုနိုင်ရေးအတွက် ကျန်းမာရေးဝန်ထမ်းများကလိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိပြီး မြန်မာနိုင်ငံ ကြက်ခြေနီ အဖွဲ့နှင့် မီးသတ်တပ်ဖွဲ့ဝင်များကလည်း လမ်းလျှောက်ရန် အခက်အခဲဖြစ်သည့် သက်ကြီး ဘိုးဘွားများအား  အဆင်ပြေစွာဖြင့် ဘုရားဖူးမြော်ကြည်ညိုနိုင်ရန် Wheel Chair များဖြင့် လိုက်လံ ပို့ဆောင်ပေးကာ လိုအပ်သည်များ ကူညီဆောင်ရွက်ပေးကြသည်။

 

အဆိုပါ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား လာရောက်ဖူးမြော် ကြည်ညိုကြသည့် ရဟန်းရှင်လူပြည်သူ များ အသက်သာဆုံး ဖြစ်စေရေးအတွက် ဝင်ရောက်သူအားလုံးကို အခမဲ့ဝင်ရောက်ခွင့်ပေးသွားမည်ဖြစ် ကြောင်း၊ စက်တင်ဘာ ၄ ရက်မှစတင်၍ ဘုရားကြီးဝင်းအတွင်း ဝင်ရောက်ချိန်တွင် ကင်မရာပါသည့် ဖုန်း၊ အခြားဗီဒီယိုမှတ်တမ်း များရိုက်ကူးခြင်းနှင့် အပျော်တမ်းကင်မရာရိုက်ကူးခြင်းများကိုသာ ထိုက်သင့်သည့်နှုန်း ထားများဖြင့် ကောက်ခံသွားမည်ဖြစ်ကြောင်း၊  ဘုရားကြီးဝင်းအတွင်း ဝင်ရောက်ရပ်နားသည့် ကိုယ်ပိုင် ယာဉ်ငယ်များ၏ ယာဉ်ရပ်နားခကိုလည်း ထိုက်သင့်သည့် ရပ်နားခနှုန်းထားများအတိုင်း ကောက်ခံသွား မည်ဖြစ်ကြောင်းနှင့် နေ့စဉ် နံနက် ၆ နာရီမှ ည ၈ နာရီအတွင်း ဖွင့်လှစ်ထားရှိကြောင်း သိရသည်။

 

#PeopleMedia


Share this post