ယခုနှစ်အတွင်း အီရတ်နိုင်ငံရှိ တိုက်ခိုက်ရေးမစ်ရှင်ကို အဆုံးသတ်ရန် အမေရိကန်နိုင်ငံ စီစဉ်

PUBLISHED - July 27, 2021
နိုင်ငံတကာ၊ ဇူလိုင် ၂၇ (People Media)
အီရတ်နိုင်ငံရှိ တိုက်ခိုက်ရေးမစ်ရှင်ကို ယခုနှစ်မကုန်မီ အဆုံးသတ်ရန် ရည်ရွယ်ကြောင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ပြောကြားသည်။
သမ္မတ ဂျိုးဘိုင်ဒင်က အီရတ်ဝန်ကြီးချုပ် မူစတာဖာအယ်လ်ခါဟီမီနှင့် မတွေ့ဆုံမီ ယမန်နေ့က အိမ်ဖြူတော်၌ သတင်းထောက်များသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
အိုင်အက်စ်အဖွဲ့ကို ချေမှုန်းနိုင်ရေးအတွက် အမေရိကန်နိုင်ငံက အီရတ်တပ်ဖွဲ့များကို ဆက်လက်ကူညီ လေ့ ကျင့်ပေးမည်ဟု ၎င်းကဆိုသည်။
အီရတ်စစ်ပွဲ စတင်ခဲ့သည့် ၂၀၀၃ ခုနှစ်တွင် အမေရိကန်တပ်ဖွဲ့များ အီရတ်နိုင်ငံသို့ ဝင်ရောက်ခဲ့ပြီး သမ္မတ ဟောင်း ဘားရတ်အိုဘားမား အစိုးရလက်ထက်တွင် တပ်ဖွဲ့များ ပြန်လည်ရုတ်သိမ်းခဲ့သည်။
အိုင်အက်စ်စစ်သွေးကြွများကို တိုက်ခိုက်ရန် အမေရိကန်တပ်ဖွဲ့များ ၂၀၁၄ ခုနှစ်တွင် အမေရိကန်တပ်ဖွဲ့များ အီရတ်နိုင်ငံသို့ ပြန်လည်ရောက်ရှိခဲ့ပြီး ယခုအခါ တပ်ဖွဲ့ဝင် ၂၅၀၀ ခန့် ရှိနေသေးသည်။
အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ ဂျန်းပါစကီးက အီရတ်နိုင်ငံ၌ အမေရိကန်တပ်ဖွဲ့ဝင် မည်မျှအထိ ဆက် လက်ထားရှိမည်ကို အသေးစိတ်မပြောကြားသော်လည်း မစ်ရှင်ပေါ်မူတည်၍ တပ်ဖွဲ့ဝင်အရေအတွက် ထား ရှိမည်ဟု ဆိုသည်။
အမေရိကန်တပ်ဖွဲ့များ၏ တာဝန်က အီရတ်တပ်ဖွဲ့များကို လေ့ကျင့်ပေးရန် ပြောင်းလဲခဲ့သော်လည်း အကျိုး သက်ရောက်မှုများစွာရှိမည်ဟု မမျှော်လင့်ကြောင်း အမေရိကန်မီဒီယာများက ဖော်ပြသည်။
သြဂုတ်လမကုန်မီ အာဖဂန်နစ္စတန်နိုင်ငံရှိ အမေရိကန်တပ်ဖွဲ့များ အပြီးတိုင် ရုတ်သိမ်းရန် သမ္မတ ဂျိုး ဘိုင်ဒင်က စီစဉ်ထားသည်။
အီရတ်နိုင်ငံရှိ အမေရိကန်တပ်ဖွဲ့များ၏ ပါဝင်မှုကို သုံးသပ်ခြင်းအားဖြင့် အဓိကပြိုင်ဘက်အဖြစ် သတ် မှတ်ထားသော တရုတ်နိုင်ငံအပေါ် အလေးထားရန် ၎င်းက အလိုရှိနေသည်။
Ref; US plans to end Iraq combat mission this year
#PeopleMedia #EPN #international #အီရတ် #အမေရိကန်
(unicode)
…………………………………………..
Ref; US plans to end Iraq combat mission this year