ယင်းမာပင်ခရိုင်ရှိ မဟာဓါတ်အားလိုင်း တာဝါတာတိုင်ကို အကြမ်းဖက်သမားများက မိုင်းခွဲဖျက်ဆီ်း

PUBLISHED - June 25, 2022
မုံရွာ၊ ဇွန် ၂၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ လက်ပံတောင်းတောင်ဒေသရှိ မဟာဓါတ်အားလိုင်း တာဝါတိုင်ကို အကြမ်းဖက်သမားများက ဇွန်လ ၂၄ ရက်နေ့ ည ၁၀း၃၀ အချိန်က မိုင်းခွဲဖျက်ဆီးခံခဲ့ရသည်။
မိုင်းဆွဲဖျက်ဆီးခံရသော မဟာဓါတ်အားလိုင်းတာဝါတိုင်သည် ညောင်ပင်ကြီး လျှပ်စစ်ခွဲရုံမှ ကြေးနီစီမံကိန်း ဒေသသို့ ဆက်သွယ်ထားသည့် မဟာဓါတ်အားလိုင်းတာဝါတိုင်ဖြစ်ကြောင်း ဒေသခံအချို့က ပြောဆိုသည်။
အဆိုပါ မဟာဓါတ်အားလိုင်း တာဝါတာတိုင်ကို မိုင်းခွဲဖျက်ဆီးမှုသည် PDF အဖွဲ့ဖြစ်သော အမိမြေ PDF အဖွဲ့၊ Young People Force အဖွဲ့တို့မှ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း အဆိုပါ အဖွဲ့က ယနေ့ နံနက်ပိုင်းက သတင်း ထုတ်ပြန်ထားသည်။
လက်ရှိအချိန်၌ လက်ပံတောင်းတောင်ဒေသ၌ ဒေသခံ PDF အဖွဲ့၏ လှုပ်ရှားမှုများကို လုံခြုံရေးအဖွဲ့များက လိုက်လံရှင်းလင်းနေကြောင်း သိရသည်။
Photo – ဖျက်ဆီးခံရသော မဟာဓါတ်အားလိုင်း လျှပ်စစ်တာဝါတိုင်
#PeopleMedia #လက်ပံတောင်းတောင်ဒေသ
(unicode)
…………………………