ယင်းမာပင်မြို့နယ်ရှိ မိုင်တဲဆက်သွယ်ရေးတာဝါတိုင်နှင့် ဆက်စပ်သည့် စက်ပစ္စည်းများ ဖျက်ဆီးခံရ

PUBLISHED - September 13, 2021
နေပြည်တော်၊ စက်တင်ဘာ ၁၃ (People Media)
မုံရွာခရိုင်၊ ယင်းမာပင်မြို့နယ်၊ ပြောင်းပြာရွာအနီးရှိ မိုင်တဲဆက်သွယ်ရေးတာဝါတိုင်နှင့် ဆက်စပ်သည့် စက်ပစ္စည်းများ ဖျက်ဆီးခံရကြောင်း သိရှိရသည်။
အဆိုပါ ယင်းမာပင်မြို့နယ် ပြောင်းပြာရွာအနီးရှိ မိုင်တဲဆက်သွယ်ရေးတာဝါတိုင်နှင့် ဆက်စပ်သည့် စက်ပစ္စည်း များကို စက်တင်ဘာ ၁၁ ရက်နေ့ ည ၁၀ နာရီအချိန်ခန့်တွင် ဖျက်ဆီးခဲ့ကြောင်း ဒေသသတင်းရင်းမြစ်မှ ဖော်ပြ ချက်အရ သိရသည်။
အလားတူ စစ်ကိုင်းတိုင်းဒေသကြီး၊ အရာတော်မြို့နယ်ရှိ မိုင်တဲဆက်သွယ်ရေးတာဝါတိုင် ၄ တိုင် စက်တင်ဘာ ၉ ရက်နေ့ ညပိုင်းအချိန်တွင် မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း သိရသည်။
#PeopleMedia #တာဝါတိုင်
(unicode)
…………………………………………………………………