ယင်းမာပင်မြို့နယ်၌ နွမ်းပါးသည့် ကလေးငယ်များကို ဦးဆောင်၍ စာပေများသင်ကြားပေးနေသည့် အရှင်ဝိဇ္ဇာ နန္ဒ(BA)သည် လုပ်ကြံခြင်းခံရ

PUBLISHED - September 22, 2021
စစ်ကိုင်း၊ စက်တင်ဘာ – ၂၂ (People Media)
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့နယ်၊ ဆုံရွာ၌ နွမ်းပါးသည့် ကလေးငယ်များကို ဦးဆောင်၍ စာပေများ သင်ကြားပေးနေသည့် အရှင်ဝိဇ္ဇာနန္ဒ(BA)သည် လက်နက်ကိုင်အဖွဲ့တစ်ခု၏ လုပ်ကြံခြင်းကို ခံခဲ့ရကြောင်း ဆရာတော်နှင့် နီးစပ်သည့် ဆရာတော်အချို့က People Media သို့ မိန့်ကြားသည်။
“လမ်းခရီးမှာ အဖမ်းခံရတာ။ စက်တင်ဘာ ၁၈ ရက်နေ့က အမည်မသိ လက်နက်ကိုင်အဖွဲ့တစ်ခုက ဖမ်းသွား တာ။ အဖမ်းခံရတဲ့အထဲမှာ ဆရာတော်နှင့်အတူ ဆရာတော်ရဲ့ ဒါယိကာ အချို့ပါသွားတယ်။ အခုထိ လုံးဝ အဆက်အသွယ်မရဘူး။ စုံစမ်းလို့လည်း မရဘူး။ အသတ်ခံရနိုင်တာ သေချာသလောက်ဖြစ်နေပြီ” လို့ ဆရာ တော်တစ်ပါးက People Media ကို မိန့်ကြားသည်။
အရှင်ဝိဇ္ဇာနန္ဒ(BA)သည် စက်တင်ဘာ ၁၈ ရက်၌ ယင်းမာပင်မြို့နယ်မှ ဆုံရွာသို့အပြန် လမ်းခရီး၌ မသမာ သူတို့၏ ဖမ်းဆီးခြင်းခံခဲ့ရပြီးနောက် လုပ်ကြံခြင်းခံခဲ့ရကြောင်း ဆရာတော်အချို့က မိန့်ကြားသည်။
“ဆရာတော်ကို လုပ်ကြံလိုက်တာ ဆရာတော်တစ်ပါးပဲ သေသွားတယ်လို့ သတ်တဲ့သူတွေက ယူဆကြမှာ။ သေသွားတာက လူအများကြီးပါ။ ဆရာတော်ကို မှီခိုပြီး နွမ်းပါးတဲ့ ကလေးငယ်တွေရဲ့ စားဝတ်နေရေး၊ ပညာ ရေးတွေအားလုံး သေသွားတာ။ ဒီဆရာတော်က ပရဟိတဆရာတော်တစ်ပါးပါ။ စာတက်ပေတက် ဆရာ တော်ပါ” လို့ ဆရာတော်က ဆက်လက်မိန့်ပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များ၌ ယခင်က ပြည်ခိုင်ဖြိုးပါတီဝင်များ၊ တပ်မတော်ထောက်ခံသူများ၊ ဒလံဟု ဟူဆသူများ လုပ်ကြံခံခဲ့ရသော်လည်း စက်တင်ဘာလအတွင်း၌ သံဃာတော်အချို့ပါ လုပ်ကြံခံရမှု ဖြစ်ပေါ်လာလျက်ရှိသည်။
Photo – ဆရာတော် အရှင်ဝိဇ္ဇာနန္ဒ
#PeopleMedia #ယင်းမာပင်မြို့နယ် #အရှင်ဝိဇ္ဇာနန္ဒ
(unicode)
……………………………………………………………………
Photo – ဆရာတောျ အရှငျဝိဇ်ဇာနန်ဒ