• Follow Us on
Latest News

Home ယင်းမာပင်မြို့တွင် PDF (၃) လောင်းနှင့်အတူ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

ယင်းမာပင်မြို့တွင် PDF (၃) လောင်းနှင့်အတူ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

Share this post

နေပြည်တော်၊ ဇူလိုင် ၁၄

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့၊ မြေကြက်ဆူရွာအနီးတွင် PDF အလောင်း (၃) လောင်းနှင့် အတူ လက်နက်ခဲယမ်းများကို လုံခြုံရေးတပ်ဖွဲ့များမှ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

 

ဇူလိုင်လ ၁၂ ရက် ညနေ ၄ နာရီအချိန်ခန့်တွင် ယင်းမာပင်မြို့ရှိ ကျေးရွာများအား လုံခြုံရေးတပ်ဖွဲ့များမှ နယ်မြေ ရှင်းလင်းရေးဆောင်ရွက်နေစဉ်အတွင်း မြေကြက်ဆူရွာအနီး၌ PDF များနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်တို့ အပြန်အလှန် ပစ်ခတ်ရာရာမှ PDF အလောင်းများနှင့်အတူ လက်နက်ခဲယမ်းများကို လုံခြုံရေးတပ်ဖွဲ့များမှ သိမ်းဆည်းရမိ ကြောင်း သိရသည်။

 

ထိုသိမ်းဆည်းရမိသည်များမှ PDF အလောင်း ၃ လောင်း၊ အမ်-၂၂ သေနတ် ၁ လက်၊ အမ်-၂၂ ကျည်အိမ် ၁ ခု၊ အမ်-၂၂ ကျည် ၅ တောင့်၊ K-25 အမျိုးအစား သေနတ် ၁ လက်၊ K-25 ကျည်အိမ် ၂ ခု နှင့် K-25 ကျည် ၃၀ တောင့်တို့ကို သိမ်းဆည်းရမိကြောင်း သိရသည်။

 

Photo – Credit

 

#PeopleMedia


Share this post