• Follow Us on
Latest News

Home ယင်းမာပင်မြို့တွင် PDF (၇) လောင်းနှင့်အတူ လက်နက်၊ ခဲယမ်းများ သိမ်းဆည်းရမိ

ယင်းမာပင်မြို့တွင် PDF (၇) လောင်းနှင့်အတူ လက်နက်၊ ခဲယမ်းများ သိမ်းဆည်းရမိ

Share this post

နေပြည်တော်၊ ဇူလိုင် ၂၁

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့၊ စုန်းချောင်းကျေးရွာအနီးတွင် PDF အလောင်း (၇) လောင်းနှင့်အတူ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိကြောင်း သိရသည်။

 

ဇူလိုင်လ ၂၁ ရက် နံနက် ၄ နာရီခန့်တွင် ယင်းမာပင်မြို့ရှိ စုန်းချောင်းကျေးရွာအနီးတွင် PDF များနှင့် လုံခြုံ ရေးတပ်ဖွဲ့တို့ အပြန်အလှန်ပစ်ခတ်ခဲ့ကြောင်း သိရသည်။

 

ထိုပစ်ခတ်ရာတွင် အရပ်ဝတ်ဖြင့် PDF အလောင်း (၇) လောင်း၊ AK သေနတ် ၁ လက်၊ M-22 သေနတ် ၁ လက်၊ လက်လုပ်တစ်ထောင့်ထိုးသေနတ် ၉ လက်၊ ကျည်အမျိုးစုံ ၄၃၆ တောင့်၊ AK ကျည်အိမ် ၂ ခု၊ M-22 ကျည်အိမ် ၂ ခု၊ လက်လုပ်လက်ပစ်ဗုံး ၁၇ လုံး၊ လက်လုပ်စိန်ပြောင်းဗုံးသီး ၁၀ လုံး၊ လက်လုပ်မိုင်း ၁၀ လုံး၊ ယမ်းကြိုး ၃ ခွေ၊ ယမ်းမှုန့် ၂ ပိဿာနှင့် လမ်းလျှောက်စကားပြောစက် ၃ လုံးတို့ကို သိမ်းဆည်းရရှိကြောင်း သိရသည်။

 

Photo – Credit

 

#PeopleMedia


Share this post