ယင်းမာပင်မြို့နယ်တွင် PDF အလောင်းတစ်လောင်းနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

PUBLISHED - August 7, 2023
နေပြည်တော်၊ သြဂုတ် ၇
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့နယ်၊ ပန်းတိန်ပြင်ကျေးရွာအနီးတွင် PDF အလောင်းတစ်လောင်းနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
သြဂုတ်လ (၆)ရက် ညနေ (၅) နာရီခွဲက ပန်းတိန်ပြင်ရွာအနီးတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် PDF အဖွဲ့ဝင်များ တိုက်ပွဲဖြစ်ပွါးခဲ့ပြီး ယင်းတိုက်ပွဲတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှုကြောင့် PDF အဖွဲ့ဝင်တစ်ဦး သေဆုံး သွားသည်။
ထို့အပြင် M-22 သေနတ် (၁)လက်၊ ကျည်အိမ် (၁) ခု၊ M-22 ကျည် (၄)တောင့်၊ သံပိုက်လုံးဖြင့် လုပ်ထားသော လက်လုပ်မိုင်း (၁၈) လုံး၊ လက်လုပ်ရှေ့ထွက်မိုင်း (၉)လုံး၊ ဘတ္ထရီအိုး (၄)လုံး၊ ရီမုဆားကစ်ပြား (၂) ခု၊ ၁၀၀ ပေခန့် ဝါယာကြိုး (၂)ခွေ၊ ၁၀၀ ပေခန့် နိုင်လွန်းကြိုး (၂)ခွေတို့အား သိမ်းဆည်ရမိခဲ့ကြောင်း သိရသည်။
#PeopleMedia