ယင်းမာပင်မြို့နယ်၌ ဈေးဝယ်သွားသည့် ရဲတပ်ဖွဲ့ဝင် (၆) ဦး ချောင်းမြောင်းပစ်ခတ် သတ်ဖြတ်ခံရပြီး လက်နက် များကို စစ်သွေးကြွ PDF အဖွဲ့ရရှိသွား
PUBLISHED - May 17, 2024
နေပြည်တော်၊ မေ ၁၇
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့နယ်၊ ချင်းတွင်းမြစ်ကူးတံတား၏ အနောက်ဘက် ရွှေတောင်ဦး သာသနာ့နယ်မြေတွင် လုံခြုံရေးတာဝန်ထမ်းဆောင်နေသည့် ရဲတပ်ဖွဲ့ဝင် (၆) ဦးသည် ဈေးဝယ်သွားစဉ် စစ်သွေးကြွ PDF အဖွဲ့ဝင်များက ချောင်းမြောင်းပစ်ခတ် သတ်ဖြတ်လိုက်ပါတယ်။
ဖြစ်စဉ်မှာ ယနေ့ မေလ (၁၇)ရက် နံနက်ပိုင်းက ရွှေတောင်ဦး သာ့သနာ့နယ်မြေတွင် တာဝန်ကျသည့် ရဲ တပ်ဖွဲ့ဝင် (၆) ဦးသည် အောင်ဇေယျမြို့သစ်ဈေးသို့ ကားဖြင့် ဈေးဝယ်သွားစဉ် ပစ်ခတ်ခံရတာ ဖြစ်ပါတယ်။
အဆိုပါ ဖြစ်စဉ်၌ အောင်ဇေယျ ရဲကင်းစခန်းမှူး ဒုရဲအုပ် ရဲဌေးဦးအပါအဝင် ရဲတပ်ဖွဲ့ဝင် (၆) ဦး ထိခိုက်ကျဆုံး သွားကြောင်းနှင့် ၎င်းတို့နှင့်အတူ ပါလာသည့် လက်နက်ခဲယမ်းများကို PDF အဖွဲ့ဝင်များမှရရှိသွားပါတယ်။
#PeopleMedia