• Follow Us on

Home ယင်းမာပင်မြို့ မြို့မဈေးအတွင်းသို့ PDF အဖွဲ့ဝင်များမှ ဒရုန်းဖြင့် ဗုံးသီးပစ်ချတိုက်ခိုက်မှုကြောင့် အမျိုးသမီး တစ်ဦး သေဆုံးပြီး ကလေးငယ်အပါအဝင် နှစ်ဦး စိုးရိမ်ရဒဏ်ရာရရှိ

ယင်းမာပင်မြို့ မြို့မဈေးအတွင်းသို့ PDF အဖွဲ့ဝင်များမှ ဒရုန်းဖြင့် ဗုံးသီးပစ်ချတိုက်ခိုက်မှုကြောင့် အမျိုးသမီး တစ်ဦး သေဆုံးပြီး ကလေးငယ်အပါအဝင် နှစ်ဦး စိုးရိမ်ရဒဏ်ရာရရှိ

Share this post

နေပြည်တော်၊ မေ ၂၀

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့၊ မြို့မဈေးအတွင်းသို့ PDF အဖွဲ့ဝင်များမှ ဒရုန်းဖြင့် ဗုံးသီးပစ်ချ တိုက်ခိုက်မှုကြောင့် အမျိုးသမီးတစ်ဦး သေဆုံးပြီး ကလေးငယ်တစ်ဦးအပါအဝင် အမျိုးသမီးနှစ်ဦး စိုးရိမ်ရ ဒဏ်ရာများ ရရှိခဲ့သည်။

 

မေလ (၁၈)ရက် နံနက် (၈)နာရီက ယင်းမာပင်မြို့၊ မြို့မဈေးအတွင်းသို့ PDF အဖွဲ့ဝင်များက ဒရုန်းဖြင့် ဗုံးသီး ပစ်ချ တိုက်ခိုက်ခဲ့သဖြင့် မြို့မဈေးအတွင်း ဈေးဆိုင်များအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့သည်။

 

ယင်းသို့ ပေါက်ကွဲမှုကြောင့် ဈေးရောင်းနေသည့် ဒေါ်ပေါက်နှင့် ၎င်း၏ သမီးများဖြစ်သည့် ဒေါ်မြတ်သင်ဇာဝင်း၊ ဒေါ်အိသင်ဇာပို၊ ဒေါ်ပေါက်၏ မြေးများဖြစ်သည့် ဂျူးဂျူးကိုနှင့် ဂွက်ဂွက်တို့ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါ ဒဏ်ရာရရှိသူများအနက် အသက် (၄၁)နှစ် အရွယ်ရှိ ဒေါ်မြတ်သင်ဇာဝင်းနှင့် အသက် (၃၀)အရွယ်ရှိ မအိသင်ဇာပိုနှင့် အသက် (၁၀)နှစ် အရွယ်ရှိ မဂျူးဂျူးကိုတို့တွင် ဒဏ်ရာ အပြင်းအထန် ရရှိခဲ့သဖြင့် မုံရွာ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး ယင်းမှတဆင့် မန္တလေးပြည်သူ့ဆေးရုံသို့ လွှဲပြောင်း ပို့ဆောင်ပေးရကြောင်း သိရသည်။

 

မန္တလေးဆေးရုံသို့ အရောက်တွင် ဒေါ်မြတ်သင်ဇာဝင်းသည် ရရှိဒဏ်ရာများဖြင့် ဆုံးပါးသွားခဲ့ပြီး ယနေ့ မေလ (၂၀)ရက် နံနက်ပိုင်း (၉)နာရီလောက်က သဂြိုလ်လိုက်ရကြောင်း သိရသည်။

 

ယင်းနောက် မအိသင်ဇာပိုတွင် ပါး၊ နားရွက်နှင့် မျက်လုံးတစ်ဖက်တွင် ဗုံးစထိမှန်ဒဏ်ရာများ ရရှိခဲ့ပြီး မဂျူးဂျူး ကိုတွင် ဦးခေါင်းနှင့် နောက်ကျောတွင် ဗုံးစထိမှန် ဒဏ်ရာများ ရရှိခဲ့သဖြင့် အထူးကြပ်မတ်ဆောင်တွင် ဆေးကုသမှု ပေးနေကြောင်း သိရသည်။

 

ယင်းမာပင်မြို့နှင့် နမခ ဌာနချုပ် တည်ရှိရာ မုံရွာမြို့သည် (၁၇)မိုင်ခန့်သာ ကွာဝေးပြီး ယင်းမာပင်မှ မုံရွာသို့ သွားရောက်ရန် PDF ဂိတ် (၃)ဂိတ်ကို ကျော်ဖြတ်ပြီးမှသာ သွားရောက်လို့ရကြောင်း သိရသည်။

 

#PeopleMedia


Share this post