ယနေ့ကာလတွင် နိုင်ငံကြီးအချို့သည် ဘက်စုံစစ်ပွဲအသွင်ဖြင့် Soft Power နှင့် Hard Power များကိုအသုံးပြု ၍ နိုင်ငံငယ်များအပေါ် ပြည်တွင်းရေးဝင်ရောက်စွက်ဖတ်နိုင်ရေးနည်းမျိုးစုံသုံးပြီး ကြိုးပမ်းဆောင်ရွက်လျက်ရှိ သည်ကို အထူးသတိထားစောင့်ကြည့်ရန် ဒုတပ်ချုပ်မှာကြား
PUBLISHED - October 4, 2023
နေပြည်တော်၊ အောက်တိုဘာ ၄
ယနေ့ကာလတွင် နိုင်ငံကြီးအချို့သည် ဘက်စုံစစ်ပွဲအသွင်ဖြင့် Soft Power နှင့် Hard Power များကို အသုံးပြု ၍ မိမိတို့နိုင်ငံကဲ့သို့ ဖွံ့ဖြိုးဆဲနိုင်ငံအဖြစ်သို့ ကြိုးပမ်းနေသည့် နိုင်ငံငယ်များအပေါ် ပြည်တွင်းရေးဝင်ရောက်စွက် ဖတ်နိုင်ရေး နည်းမျိုးစုံသုံးပြီး ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်ကို အထူးသတိထား စောင့်ကြည့်ရန် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက မှာကြားလိုက်သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီး ချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ယမန်နေ့ညနေပိုင်းတွင် စစ်တက္ကသိုလ်ရှိ နည်းပြအရာရှိများ၊ နည်းပြဆရာ၊ ဆရာမများနှင့် သင်တန်းသား ဗိုလ်လောင်းများအား စစ်တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ တွေ့ ဆုံစဉ် ပြောကြားခဲ့ခြင်းဖြစ်သည်။
ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ယနေ့ကာလတွင် နိုင်ငံကြီးအချို့သည် ဘက်စုံစစ်ပွဲအသွင်ဖြင့် Soft Power နှင့် Hard Power များကို အသုံးပြု၍ မိမိတို့နိုင်ငံကဲ့သို့ ဖွံ့ဖြိုးဆဲနိုင်ငံအဖြစ်သို့ ကြိုးပမ်းနေသည့် နိုင်ငံငယ်များအပေါ် ပြည်တွင်းရေးဝင်ရောက်စွက်ဖတ်နိုင်ရေး နည်းမျိုးစုံသုံးပြီး ကြိုးပမ်းဆောင်ရွက်လျက်ရှိ သည်ကို အထူးသတိထား စောင့်ကြည့်ရန်နှင့် ရင်ဆိုင်ရသော အခက်အခဲ များကို နိုင်ငံတော်၊ တပ်မတော်နှင့် ပြည်သူတို့၏ ပေါင်းစည်းစွမ်းအားဖြင့် ညီညွတ်စွာ လက်တွဲဆောင်ရွက်ကြရန်လိုကြောင်း ပြောသည်။
ထိုသို့ ဆောင်ရွက်နိုင်ရန် တပ်မတော်သားများအားလုံးသည် စည်းလုံး ညီညွတ်နေရန်လိုကြောင်း၊ တပ်မ တော်သားများ လိုက်နာကြရန် Code of Conduct အဖြစ် စစ်သည်တော် ကျင့်ဝတ်အပါး (၆၀)ကို ပြဋ္ဌာန်း ထားပြီးဖြစ်ကြောင်း၊ စစ်သည်အချင်းချင်းပြုကျင့်ရမည့် ကျင့်ဝတ်(၂၀) ပါး၊ အထက်အကြီး အကဲများ ပြုကျင့်ဝတ် (၁၀)ပါး၊ လက်အောက်အပေါ် ပြုကျင့်ရမည့် ကျင့်ဝတ် (၅) ပါးအတိုင်း တိကျစွာ လိုက်နာမှ သာလျှင် တပ်တွင်းစည်းလုံးညီညွတ်မှုမှာ ရေပတ်မဝင် အောင် ခိုင်မာနေမှာဖြစ်ကြောင်း၊ တပ်တွင်းစည်း လုံးညီညွတ်မှသာလျှင် တပ်ပြင် စည်းလုံးရေးကိစ္စရပ်များကို အောင်မြင်စွာ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ပြောသည်။
ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်က အရာရှိ၊ စစ်သည်များ ပူပင်ကြောင့်မှုကင်းစွာ လုပ်ငန်းတာဝန် အောင်မြင်အောင် ထမ်းဆောင်နိုင်ရေးအတွက်သာမက မိမိ မိသားစုဝင်များပါ ဝင်ငွေ/ထွက်ငွေ ညီညွှတ်မျှတ စေရေး တာဝန်ရှိသူအဆင့်ဆင့်က ထိန်းကြောင်းပေးရန် လိုကြောင်း၊ ဝင်ငွေ/ထွက်ငွေ မျှတစေရန်နှင့် ဆေးလိပ်၊ အရက်၊ လောင်းကစားများမှ အစ အသုံးနှင့်အဖြုန်းကို ထိန်းသိမ်းပြီး ကိုယ်တိုင်နှင့်မိသားစုများပါ စနစ်တကျ နေထိုင်ကြရန် လိုကြောင်းနှင့် လုပ်သင့်လုပ်ထိုက်သည်များကို လုပ်ဆောင်၍ ပြဌာန်းထားသော ဆောင်ရန် ရှောင်ရန်ကိစ္စရပ်များအား အလေးထားစောင့်ထိန်း လိုက်နာသွားရန်လိုကြောင်းဖြင့် မှာကြားခဲ့သည်။
#PeopleMedia