ယာဉ်နှစ်စီးတိုက်မှုကြောင့် မီးလောင်မှုဖြစ်ပွားပြီး အမျိုးသားတစ်ဦး မီးလောင်၍ သေဆုံး
PUBLISHED - September 14, 2023
နေပြည်တော်၊ စက်တင်ဘာ ၁၄
မွန်ပြည်နယ်၊ ရေးမြို့၊ မော့ကနင်ရွာအပြင်ဘက် ကွမ်ကျိုက်တံတား၌ ယာဉ်နှစ်စီးတိုက်မှုကြောင့် ထိုယာဉ် တစ်စီးမှာ မီးလောင်မှုဖြစ်ပွားပြီး အမျိုးသားတစ်ဦး မီးလောင်၍ သေဆုံးသွားကြောင်း သိရသည်။
ဖြစ်စဉ်မှာ စက်တင်ဘာလ ၁၃ ရက် ညနေ ၅:၄၀ အချိန်တွင် ရာဘာထုလုံးသယ်ဆောင်သည့်ယာဉ်မှ ယာဉ် ငယ်တစ်စီးအား ကျော်တတ်ရာမှ အရှိန်လွန်၍ ကွမ်းသီးများသယ်သည့် ၁၂ဘီးယာဉ်အား နောက်မှအရှိန်လွန်၍ တိုက်မိရာ ကွမ်းသီးသည်ဆောင်သည့် ယာဉ်မှာ မီးလောင်ပြီး ထိုယာဉ်အားမောင်းသည့် အမျိုးသားမှာ ကား ခေါင်းထဲတွင် ညှပ်၍ မီးလောင်၍ သေဆုံးသွားကြောင်း သိရသည်။
“တိုက်ခံရတဲ့ယာဉ်က မီးသတ်ကားယာဉ်တွေ မရောက်ခင်ထဲက ကားခေါင်းမှာ မီးကလောင်နေပြီ။ ကားရဲ့ ဆီတိုင်ကီကလည်း ကားခေါင်းဘက်မှာရှိတော့ ကားကမီးလောင်တာမြန်တယ်” လို့ ဒေသခံတစ်ဦးမှ ပြော ပါတယ်။
ထိုမီးလောင်သည့် ယာဉ်များကို မီးငြိမ်းသတ်ရာတွင် ည ၇ နာရီခန့်တွင် မီးငြိမ်းသတ်သွားကြောင်း သိရသည်။
Photo – Credit
#PeopleMedia