• Follow Us on
Latest News

Home ယာယီတိုက်ပွဲရှောင်ဒေသအသီးသီးမှ ကျောင်းသားကျောင်းသူများ IBEC ကျောင်းတွင် ပညာသင်ကြားနိုင် ကြောင်း ဖိတ်ခေါ်ထားရာဆက်သွယ်မှုများပြား

ယာယီတိုက်ပွဲရှောင်ဒေသအသီးသီးမှ ကျောင်းသားကျောင်းသူများ IBEC ကျောင်းတွင် ပညာသင်ကြားနိုင် ကြောင်း ဖိတ်ခေါ်ထားရာဆက်သွယ်မှုများပြား

Share this post

နေပြည်တော်၊ ဒီဇင်ဘာ ၂၀

 

ကောလင်းဒေသ၊ ထီးချိုင့်ဒေသအပါအဝင် ယာယီတိုက်ပွဲရှောင်ဒေသအသီးသီးမှ ပညာသင်ယူခွင့် ဆုံးရှုံးနေ ကြသော ကျောင်းသား ကျောင်းသူများအနေဖြင့် International Buddhist Education Centre (IBEC) ကျောင်းတွင် ပညာသင်ကြားနိုင်ကြောင်း IBEC ကျောင်းက ဖိတ်ခေါ်ထားရာ ဆက်သွယ်မှုများပြားကြောင်း သိရသည်။

 

IBEC ကျောင်းတော်ကြီးတွင် ဆက်လက်ပညာသင်ယူစေရန်၊ လာရောက်ဆက်သွယ်မှုများ များပြားသည့် အတွက် ကျောင်းအပ်လက်ခံခြင်းများကို စနစ်တကျစီစဉ်ကာ ပညာရေးမူဝါဒများနှင့် ညီညွတ်စွာလက်ခံနိုင်ရေး ဆောင်ရွက်ရန်၊ ကလေးငယ်များ ပညာသင်ယူခွင့် မဆုံးရှုံးစေရေးအတွက်မှာ အလွန်အရေးကြီးသည့်အတွက် ဦးစားပေးဆောင်ရွက်ရန် IBEC ဆရာတော်က လမ်းညွန်ထားကြောင်း သိရသည်။

 

ယာယီတိုက်ပွဲရှောင်ဒေသမှ ကလေးငယ်များအား ပညာဆက်လက်သင်ကြားနိုင်စေရန်အတွက် ရည်ရွယ်ချက်၊ ကျောင်းနေအရွယ်ကလေးများအားလုံး ခွဲခြားမှုမရှိဘဲလွတ်လပ်ငြိမ်းချမ်းစွာ ပညာသင်ယူနိုင်ရေးဟူသော ရည်ရွယ်ချက်များဖြင့် စိန်ခေါ်မှုများကြားမှ အကောင်အထည်ဖော် ဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်း သိရ သည်။

 

International Buddhist Education Centre (IBEC) ကျောင်းသည် စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့ စစ်ကိုင်းတောင်ရိုးတွင် တည်ရှိပြီး၊ အဆိုပါကျောင်းကို အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဒေါက်တာ အရှင်သော ဘိတက တည်ထောင်ထားခြင်းဖြစ်ကြောင်း သိရသည်။

 

#PeopleMedia


Share this post