ယာလာပြည်နယ် ကားဗုံးပေါက်ကွဲမှု ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကို ထိခိုက်
PUBLISHED - July 3, 2024
နိုင်ငံတကာ၊ ဇူလိုင် ၃
ထိုင်းနိုင်ငံ ယာလာပြည်နယ်မှာ ဇွန်လ ၃၀ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ကားဗုံးပေါက်ကွဲမှုကြောင့် တောင်ပိုင်းပြည် နယ်တွင်း ဆောင်ရွက်နေတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေရဲ့ တိုးတက်မှုအခြေအနေတွေ နှောင့်နှေးသွားကြောင်း ယာလာပြည်နယ်က တက္ကသိုလ်ဆရာတစ်ဦးက ပြောကြားလိုက်ပါတယ်။
ဇွန်လ ၃၀ ရက်နေ့ မနက် ၁၀ နာရီခွဲဝန်းကျင်မှာ ဘန်နန်ဆာတာခရိုင်ရုံးနဲ့ ဈေးအနီးမှာရှိတဲ့ ဘန်နန်ဆာတာရဲ တပ်ဖွဲ့ပိုင်တိုက်ခန်းတွေရဲ့ အပြင်ဘက်မှာ ကားဗုံးပေါက်ကွဲခဲ့တာဖြစ်ပါတယ်။
ပေါက်ကွဲမှုကြောင့် ရဲတပ်ဖွဲ့ဝင် ၆ ဦးအပါအဝင် လူပေါင်း ၁၆ ဦး ဒဏ်ရာရခဲ့ပြီး လမ်းဖြတ်ကူးလာတဲ့ အသက် ၄၅ နှစ်အရွယ် အစ္စလာမ်မစ်ဘာသာရေးဆရာမ ရိုကီယပ်ဆာရာနာ သေဆုံးသွားပါတယ်။
တောင်ပိုင်းပြည်နယ်အတွင်းပိုင်းမှာ သောင်းကျန်းသူတွေရှိနေဆဲဖြစ်ပြီး ပြည်နယ်အာဏာပိုင်တွေကို တိုက်ခိုက် လျှက်ရှိပါတယ်။
လက်ရှိအချိန်မှာ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ကျင်းပနေပေမဲ့ အခုဖြစ်စဉ်ကြောင့် ပြည်တွင်းလုံခြုံရေးစိတ်ချယုံ ကြည်ရမှုကို ထိခိုက်သွားစေတယ်လို့ ယာလာရာဂျပ်ဟက်တက္ကသိုလ်က လူမှုဘာသာရပ်များနဲ့ လူမှုသိပ္ပံ ဌာန ကထိက တာယူဒင်အူစမန်က ပြောပါတယ်။
“ဒီအဖြစ်အပျက်မျိုးက ဘယ်တော့မှ မဖြစ်သင့်တဲ့ဖြစ်စဉ်ပါ။ အထူးသဖြင့် အခုလို လူစည်ကားတဲ့ မြို့တစ်မြို့ရဲ့ နယ်မြေမှာပေါ့။ အစ္စလာမ်မစ်ကျောင်းဆရာမတစ်ဦး သေဆုံးသွားတယ်ဆိုတဲ့အချက်က အခြေအနေကို ပိုဆိုး ရွားသွားစေပါတယ်။ နောက်ထပ် ဆုံးရှုံးမှုတွေ ထပ်မံမဖြစ်ပွားအောင် ကာကွယ်ဖို့ ကြိုးပမ်းဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။” လို့ ၎င်းက ပြောပါတယ်။
တောင်ပိုင်းပြည်နယ်တွင်း ပဋိပက္ခဖြေရှင်းရာမှာ အထောက်အကူပြုနိုင်ဖို့ ဖွဲ့စည်းထားတဲ့ ငြိမ်းချမ်းရေးဆွေးနွေး ပွဲ ကျွမ်းကျင်ပညာရှင်အဖွဲ့ဟာ ငြိမ်းချမ်းရေးထိန်းသိမ်းမှု တိုးတက်လာအောင် ဘာမှမလုပ်နိုင်ကြောင်း မစ္စတာ တာယူဒင်က ပြောပါတယ်။
တနင်္ဂနွေနေ့က ဖြစ်စဉ်ဟာ ဆွေးနွေးပွဲ ကျွမ်းကျင်ပညာရှင်အဖွဲ့ရဲ့အလုပ်ကို အဟန့်အတားဖြစ်စေခဲ့ပြီး အဲဒီလို လုပ်ရပ်မျိုးတွေဟာ ဆွေးနွေးပွဲမှာ သဘောထားကွဲလွဲမှုတွေ ရှိနေကြောင်း ထုတ်ဖော်ပြသလိုက်တာပဲဖြစ်တယ် လို့ ၎င်းက ပြောပါတယ်။
သောင်းကျန်သူအဖွဲ့ကလည်း အပြစ်မဲ့ပြည်သူတွေအပေါ် ထိခိုက်စေတဲ့ မိမိတို့လုပ်ရပ်ရဲ့ နောက်ဆက်တွဲ ဆိုး ကျိုးတွေကို ချင့်ချိန်စဉ်းစားဖို့လိုကြောင်း တာယူဒင်က ပြောပါတယ်။
ထိုင်းအစိုးရအနေနဲ့ သေဆုံးသွားတဲ့ ဘာသာရေးဆရာမ မိသားစုအတွက် ဘတ်ငွေ ၅၀၀၀၀၀ နဲ့ ဆန်တစ်အိတ် ထောက်ပံ့ပေးသွားမှာဖြစ်သလို အဆိုပါ ဆရာမရဲ့ကလေး ၃ ဦး တက္ကသိုလ်က ဘွဲ့ရတဲ့အထိ ပညာရေးထောက် ပံ့မှုတွေ ပေးအပ်သွားမှာဖြစ်ကြောင်း တောင်ပိုင်းနယ်စပ်ပြည်နယ်များ အုပ်ချုပ်ရေးစင်တာက လက်ထောက် အ ထွေထွေအတွင်းရေးမှူး ရမ်ဒန်ဟာယီယာဝေက ပြောပါတယ်။
ကားဗုံးပေါက်ကွဲမှုအတွက် အဓိကသံသယရှိနေတဲ့တရားခံကတော့ လက်ထောက်မြို့ပြ အင်ဂျင်နီယာတစ်ဦး ဖြစ်သူ အသက် ၂၇ နှစ်အရွယ် မူစတာဖာမာလေးဖြစ်ပါတယ်။
Ref: Car bomb by police flats ‘undermines peace talks’
#PeopleMedia