ယီမင်နိုင်ငံရှိ ဟူသီအဖွဲ့ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် အမေရိကန်နိုင်ငံ သတ်မှတ်မည်

PUBLISHED - January 12, 2021
နိုင်ငံတကာ၊ ဇန်နဝါရီ ၁၂ (People Media)
အမေရိကန်နိုင်ငံက ယီမင်နိုင်ငံရှိ ဟူသီအဖွဲ့ကို အကြမ်းဖက်အဖွဲ့အစည်းတစ်ခုအဖြစ် သတ်မှတ်ရန် စီစဉ် လျက်ရှိရာ ကမ္ဘာပေါ်တွင် အကြီးမားဆုံး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်း ဖြေရှင်းမည့် ကြိုးပမ်းမှုများအတွက် ခြိမ်းခြောက်မှုများ ဖြစ်လာနိုင်ကြောင်း သိရသည်။
ဟူသီအဖွဲ့၏ ခေါင်းဆောင်သုံးဦးဖြစ်သော အဗ္ဗဒူမာလစ်အယ်ဟူသီ၊ အယ်လ်ခါလစ်ဘာဒါအယ်ဒင်ဟူသီ နှင့် အဗ္ဗဒူလာယာယာအယ်လ်ဟာကင်တို့အား ကမ္ဘာ့အကြမ်းဖက်သမားများအဖြစ် သတ်မှတ်ရန် ရည်ရွယ် ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ပွမ်ပီယိုက ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောသည်။
အီရန်နိုင်ငံက ကျောထောက်နောက်ခံပြုထားသော ဟူသီအဖွဲ့အား အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေ ညာမည့်ဆုံးဖြတ်ချက်ကို ယနေ့ ကြေညာမည်ဟု သတင်းရပ်ကွက်နှစ်ခုက ရိုက်တာသတင်းဌာနသို့ ပြောသည်။
ကုလသမဂ္ဂအဖွဲ့က ယီမင်နိုင်ငံအား ကမ္ဘာပေါ်တွင် အဆိုးရွားဆုံး လူသားချင်းစာနာထောက်ထားမှု အ ကျပ်အတည်း ကြုံတွေ့နေရသော တိုင်းပြည်အဖြစ် သတ်မှတ်ထားပြီး လူဦးရေ၏ ၈၀ ရာခိုင်နှုန်းက အကူအညီ များ လိုအပ်နေသည်။
သန်းပေါင်းများစွာသော ယီမင်ပြည်သူများ ငတ်မွတ်ခေါင်းပါးမှု ရင်ဆိုင်နေရပြီး အကူအညီပေးရန် ငွေ ကြေးများ လိုအပ်ကြောင်း ကုလသမဂ္ဂ ထိပ်တန်းတာဝန်ရှိသူများက ပြောသည်။
ကိုးကား – ရိုက်တာ
Ref; U.S. to designate Yemen’s Houthi movement as foreign terror group
(unicode)
…………………………………………….
Ref; U.S. to designate Yemen’s Houthi movement as foreign terror group