
PUBLISHED - January 11, 2020
Ref; theguardian
(unicode)
ယူကရိန်းခရီးသည်တင်လေယာဉ်ကို မရည်ရွယ်ဘဲပစ်ချမိကြောင်း အီရန် ၀န်ခံ
…………………………………………………………………………..
အီရန်က ၄င်းတို့စစ်တပ်ဟာ ယူကရိန်းခရီးသည်တင်လေယာဉ်ကို မရည်ရွယ်ဘဲ မှားယွင်းပစ်ချမိခဲ့ကြောင်း ကြေညာလိုက်ပါတယ်။
အခုသတင်းကို အီရန်က စနေနေ့မနက်ပိုင်းမှာ ရုပ်သံလိုင်းက တစ်ဆင့် ကြေညာသွားခဲ့ပြီး လူတွေရဲ့ အမှားကြောင့်ဖြစ်တယ်လို့ ပြောပါတယ်။
အခုဖြစ်ရပ်အတွက် သက်ဆိုင်ရာအဖွဲ့အစည်းတွေက တာ၀န်ယူလိမ့်မယ်လို့ ကြေညာခဲ့ပြီး ပြည်ပနိုင်ငံခြားသားတွေအပါအ၀င် သေဆုံးခဲ့ကြသူတွေရဲ့ မိသားစု၀င်တွေကို အီရန်အစိုးရက တောင်းပန်ခဲ့ပါတယ်။
ယူကရိန်းလေယာဉ် ပစ်ချခံရမှုကြောင့် လေယာဉ်ပေါ်လိုက်ပါလာသူ ၁၇၆ ဦးလုံးသေဆုံးခဲ့ပါတယ်။
Ref; theguardian
#PeopleMedia