ယူကရိန်းစစ်ပွဲနဲ့ပတ်သက်ပြီး ပူတင်မိန့်ခွန်းပြောကြားဖို့ပြင်ဆင်နေသလို တရုတ်က ရုရှားကို စစ်လက်နက် ပစ္စည်းထောက်ပံ့မှာ အမေရိကန် စိုးရိမ်နေ
PUBLISHED - February 21, 2023
နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၂၁
အမေရိကန်သမ္မတဂျိုးဘိုင်ဒန် ယူကရိန်းကို ရုတ်တရက်ရောက်လာပြီး ယူကရိန်းနိုင်ငံနဲ့အတူ ရပ်တည်ကြောင်း ပြောဆိုလိုက်ပြီးတဲ့နောက် တစ်ရက်အကြာမှာ ရုရှားသမ္မတဗလာဒီမာပူတင်က ရုရှားပြည်သူတွေကို နိုင်ငံတော် မိန့်ခွန်းပြောကြားပြီး ယူကရိန်းစစ်ပွဲအခြေအနေကို အကြမ်းဖျဉ်းရှင်းပြသွားဖို့ စီစဉ်ထားပါတယ်။
အမေရိကန်သမ္မတဂျိုးဘိုင်ဒန်နဲ့ ယူကရိန်းသမ္မတဗလာဒီမာဇီလန်စကီးတို့ကလည်း ရုရှား-ယူကရိန်း စစ်ပွဲနှစ် ပတ်လည်နေ့မတိုင်ခင် မိန့်ခွန်းပြောကြာသွားမှာဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလ ၂၄ ရက်နေ့က ယူကရိန်း နိုင်ငံထဲမှာ အထူးစစ်ဆင်ရေးဆင်နွှဲဖို့ ပူတင်က အမိန့်ပေး ခဲ့တာဖြစ်ပါတယ်။
စစ်ပွဲစဖြစ်ကတည်းက ယူကရိန်းအရပ်သားပြည်သူတွေ၊ နှစ်ဖက်စစ်သားတွေ ထောင်ပေါင်းများစွာသေဆုံးခဲ့ကြ ပြီး မြို့ကြီးတွေ အုတ်ပုံဘဝကိုရောက်ရှိသွားကြသလို သန်းနဲ့ချီတဲ့ဒုက္ခသည်တွေဟာလည်း အိုးအိမ်စွန့်ခွာထွက် ပြေးခဲ့ကြရပါတယ်။
အနောက်အုပ်စုက ယူကရိန်းကို ဒေါ်လာဘီလျံပေါင်းများစွာတန်တဲ့ စစ်ရေးအကူအညီတွေ ထောက်ပံ့ပေးအပ်ခဲ့ သလို ရုရှားနိုင်ငံကလည်း ယူကရိန်းနိုင်ငံရဲ့ ငါးပုံတစ်ပုံကို သိမ်းပိုက်ထားပြီးပြီလို့ ပြောပါတယ်။
ဖေဖော်ဝါရီလ ၂၁ ရက်နေ့မှာ သမ္မတပူတင်ဟာ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ စစ်ဘက်ဆိုင်ရာထိပ်တန်း ခေါင်းဆောင်တွေကို ယူကရိန်းစစ်ပွဲဆန်းစစ်လေ့လာချက်တွေကို မိန့်ခွန်းပြောသွားမှာဖြစ်ပါတယ်။
အသက် ၇၀ အရွယ်ရှိပူတင်ဟာ နိုင်ငံတကာအခြေအနေတွေနဲ့ အနောက်တိုင်းစီးပွားရေးပိတ်ဆို့မှုတွေကြားက ရုရှားနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေကိုလည်း ရှင်းပြသွားမှာဖြစ်ပါတယ်။ အသက် ၈၀ အရွယ်ရှိပြီဖြစ်တဲ့ သမ္မတ ဘိုင်ဒန်ဟာ ယူကရိန်းနိုင်ငံမှာ ၅ နာရီကျော်ကြာနေခဲ့ပြီး သမ္မတဇီလန် စကီးနဲ့ ဆွေးနွေးခဲ့ပါတယ်။
ဘိုင်ဒန်ဟာ ယူကရိန်းကျဆုံးစစ်သည်တွေကို ဂုဏ်ပြုကြောင်းပြောဆိုခဲ့ပြီး ယူကရိန်းနိုင်ငံအတွက် စစ်ရေး အကူအညီနောက်ထပ် ဒေါ်လာသန်း ၅၀၀ ဖိုး ထပ်မံကူညီသွားမယ်လို့ကြေညာခဲ့ပါတယ်။
ယူကရိန်းခရီးစဉ်ကအပြန် ဂျိုးဘိုင်ဒန်ဟာ ပိုလန်နိုင်ငံကို ပြန်လည်ရောက်ရှိလာပြီး ပိုလန်သမ္မတအန်းဒရီးဇ် ဒူဒါ နဲ့ ယူကရိန်းထောက်ခံရေးကိစ္စတွေမှာ ပိုလန်နိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးခဲ့ပါတယ်။ အင်္ဂါနေ့ညနေ ပိုင်းမှာ ယူကရိန်းပြည်သူတွေကိုထောက်ပံ့သွားမယ့်အကြောင်း ထပ်မံပြောကြားပါတယ်။
ပိုလန်နိုင်ငံမှာတပ်စွဲထားတဲ့ အမေရိကန်တပ်ဖွဲ့ဝင်အင်အားတိုးမြှင့်ရေးနဲ့ ရုရှားခြိမ်းခြောက်မှုတိုးမြင့်လာတာကို ရင်ဆိုင်ဖို့ အမြဲတမ်းစစ်အခြေစိုက်စခန်းထားရှိရေးတို့အတွက် ပိုလန်အစိုးရဟာ ဘိုင်ဒန်အစိုးရနဲ့ ဆွေးနွေးနေ တယ်လို့ ပိုလန်ဝန်ကြီးချုပ်မာတဲယုမော်ရာဝီရာစကီက တနင်္ဂနွေနေ့က ပြောပါတယ်။
တစ်ပြိုင်တည်းမှာပဲ တရုတ်နိုင်ငံခြားရေးဝန်ကြီးဝန်ယီဟာ မကြာခင် မော်စကိုြမို့ကို သွားရောက်ဖို့ရှိနေပြီး ရုရှား သမ္မတပူတင်နဲ့ တွေ့ဆုံနိုင်ဖွယ်ရှိတယ်လို့ဆိုပါတယ်။ အမေရိကန်ပြည်ထောင်စုအနေနဲ့ တရုတ်နိုင်ငံက ရုရှားကို စစ်လက်နက်ပစ္စည်းတွေထောက်ပံ့ရေး စဉ်းစားနေမှာကို စိုးရိမ်နေကြောင်း ဝန်ယီခရီးစဉ်မတိုင်ခင်မှာ အမေရိ ကန်က ပြောဆိုခဲ့ပါတယ်။
တရုတ်နိုင်ငံက ရုရှားကို စစ်လက်နက်ပစ္စည်းတွေထောက်ပံ့လိုက်မယ်ဆိုရင် ယူကရိန်းစစ်ပွဲ အရှိန်ပိုမြင့်လာပြီး ရုရှားနဲ့ တရုတ်က တစ်ဖက်၊ ယူကရိန်းနဲ့ အမေရိကန်ဦးဆောင်တဲ့နေတိုးမဟာမိတ်နိုင်ငံတွေကတစ်ဖက် ထိပ် တိုက်ပဋိပက္ခဖြစ်ပွားလာနိုင်တဲ့အထိ ဖြစ်သွားနိုင်တယ်လို့ ဆိုပါတယ်။
ရုရှားအစိုးရက ယူကရိန်းစစ်ပွဲစတင်တိုက်ခိုက်တဲ့အချိန်မှာ လက်နက်ခဲယမ်းပြည့်စုံတဲ့ ဝဂ္ဂနာကြေးစားစစ်သား တွေကို ရည်ရွယ်ချက်ရှိရှိနဲ့ ရုရှားအရာရှိတချို့ကငြင်းပယ်ခဲ့တယ်လို့ ဝဂ္ဂနာကြေးစားတပ်ဖွဲ့ကို တည်ထောင်သူ က ပြောပါတယ်။
ဝဂ္ဂနာကြေးစားတပ်ဖွဲ့ဝင်တွေဟာ ယူကရိန်းနိုင်ငံ ဒွန်းညှက်ဒေသက လနဲ့ချီပြီးကြာတဲ့ ဘတ်ခ်မတ်တ်မြို့တိုက်ပွဲ မှာ ရှေ့ဆုံးက ဦးဆောင်တိုက်ခိုက်ခဲ့ကြတယ်လို့ ဆိုပါတယ်။
ယူကရိန်းစစ်ပွဲစတင်ဖြစ်ပွားကတည်းက ဝဂ္ဂနာကြေးစားစစ်သား ၃၀,၀၀၀ ကျော် ကျဆုံးခဲ့ပြီး အဲဒီအထဲက စစ် သည် ၉,၀၀၀ ဝန်းကျင်ဟာ ရင်ဆိုင်တိုက်ပွဲတွေမှာ ကျဆုံးခဲ့တာဖြစ်ကြောင်း အမေရိကန်သမ္မတအိမ်ဖြူတော်က ပြီးခဲ့တဲ့သီတင်းပတ်က ကြေညာခဲ့ပါတယ်။
Ref: Putin set for major war speech, US concerned about Chinese military aid to Russia | 5 points
#PeopleMedia
(unicode)
………………………………………………
Ref: Putin set for major war speech, US concerned about Chinese military aid to Russia | 5 points
#PeopleMedia