ယူကရိန်းစစ်ပွဲမှာ ရုရှားက ဓာတုလက်နက်ထုတ်သုံးလာရင် နေတိုးအဖွဲ့က တုံ့ပြန်မယ်လို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ပြော

PUBLISHED - March 25, 2022
နိုင်ငံတကာ၊ မတ် ၂၅
ယူကရိန်းစစ်ပွဲမှာ ရုရှားနိုင်ငံက ဓာတုလက်နက်တွေအသုံးပြုလာရင် နေတိုးအဖွဲ့က တုံ့ပြန်မှာဖြစ်ကြောင်း အမေ ရိကန်သမ္မတဂျိုးဘိုင်ဒန်က ပြောကြားလိုက်ပါတယ်။
မဟာမိတ်အဖွဲ့ဝင်နိုင်ငံတွေနဲ့ ဆွေးနွေးဖို့ ဥရောပကိုရောက်နေတဲ့ အမေရိကန်သမ္မတက ဘယ်လိုတုံ့ပြန်မယ်ဆို တာကိုတော့ အသေးစိတ်ထုတ်ဖော်ပြောကြားတာ မရှိပါဘူး။
ရုရှားကျူးကျော်တိုက်ခိုက်မှုနဲ့ပတ်သက်ပြီး အနောက်နိုင်ငံခေါင်းဆောင်တွေ စုစည်းညီညွတ်ကြောင်းပြသမယ့် ဘရပ်ဆဲလ်မြို့မှာ အရေးပေါ်အစည်းအဝေးတွေ ကျင်းပနေတဲ့အချိန်မှာ ဂျိုးဘိုင်ဒန်ရဲ့ပြောဆိုမှု ထွက်ပေါ်လာ တာပဲဖြစ်ပါတယ်။
သမ္မတဂျိုးဘိုင်ဒန်ဟာ မတ်လ ၂၅ ရက်က ပိုလန်နိုင်ငံကို ထွက်ခွာခဲ့ပါတယ်။ ပိုလန်နိုင်ငံမှာ စစ်ပွဲစကတည်းက ထွက်ပြေးလာကြတဲ့ ယူကရိန်းစစ်ဘေးရှောင်ဒုက္ခသည် နှစ်သန်းကျော်အထိ ရှိနေပြီဖြစ်ပါတယ်။
ရုရှားသမ္မတဗလာဒီမာပူတင်က ဓာတုလက်နက်တွေထုတ်ဖော်သုံးစွဲလာခဲ့ရင် နေတိုးအဖွဲ့က စစ်ရေးအရတုံ့ပြန် မှုပြုလုပ်မှာလားလို့ မေးမြန်းတဲ့အခါ “အဲဒီလို ဓာတုလက်နက်သုံးစွဲမယ်ဆိုရင် ထိုက်သင့်သလို ပြန်လည်တုံ့ပြန် သွားမှာဖြစ်ပါတယ်။” လို့ ဘိုင်ဒန်က ပြောပါတယ်။
“တကယ်လို့ သူကဓာတုလက်နက်တွေထုတ်သုံးခဲ့ရင် ကျွန်တော်တို့ဘက်ကလည်း တုံ့ပြန်သွားမှာပါ။ ပြန်လည် တုံ့ပြန်မယ့်သဘောသဘာဝကတော့ အသုံးပြုခဲ့တဲ့သဘောသဘောဝအပေါ်မှာပဲ မူတည်ပါတယ်။” လို့ သမ္မတ ဘိုင်ဒန်က ပြောပါတယ်။
ရုရှားနိုင်ငံက ယူကရိန်းကို ကျူးကျော်တိုက်ခိုက်လာတဲ့စစ်ပွဲ ပဉ္စမမြောက်သီတင်းပတ်ထဲရောက်ရှိလာတဲ့အချိန် မှာ ရုရှားအနေနဲ့ ဓာတုလက်နက်နဲ့ ဇီဝလက်နက်တွေအသုံးပြုဖို့ ပြင်ဆင်နေတယ်လို့ အနောက်နိုင်ငံက ခေါင်း ဆောင်တွေက သတိပေးခဲ့ပါတယ်။
ရုရှားနိုင်ငံက ဓာတုလက်နက်တွေအသုံးပြုလာမယ်ဆိုရင် နောက်ဆက်တွဲဆိုးကျိုးတွေခံစားရမှာဖြစ်ကြောင်း နေ တိုးအဖွဲ့အတွင်းရေးမှူးချုပ် ဂျန်းစ်ဆော့တန်းဘာ့ဂျ်က ပြောကြားလိုက်သလို ရုရှားသမ္မတပူတင်က ဓာတုလက် နက်တွေအသုံးပြုလာခဲ့ရင် ဘေးဒုက္ခဆိုးကြီးကျရောက်လာလိမ့်မယ်လို့ ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က ပြောလိုက်ပါယ်။
ရုရှားနိုင်ငံက ဓာတုလက်နက်တွေအသုံးပြုလာခဲ့ရင် အမေရိကန်နဲ့ မဟာမိတ်နိုင်ငံတွေ ဘယ်လိုတုံ့ပြန်မလဲဆို တာ ချင့်ချိန်ဆွေးနွေးဖို့အတွက် အမျိုးသားလုံခြုံရေးအဖွဲ့တစ်ဖွဲ့ကို အိမ်ဖြူတော်က ဖွဲ့စည်းလိုက်ပါတယ်။ ဒါပေမဲ့ နေတိုးအဖွဲ့အနေနဲ့ ဓာတုလက်နက်တွေအသုံးပြုပြီး တုံ့ပြန်မယ်လို့တော့ ပြောကြားခဲ့တာမျိုးမရှိပါဘူး။
Ref: Ukraine: Nato will respond if Russia uses chemical weapons, warns Biden
(unicode)
………………………………………
Ref: Ukraine: Nato will respond if Russia uses chemical weapons, warns Biden