• Follow Us on

Home ယူကရိန်းစစ်ပွဲဟာ ဥရောပအရှေ့ဘက်က နေတိုးအဖွဲ့ဝင်နိုင်ငံတွေကို ခြိမ်းခြောက်နေကြောင်း အက်စ်တိုးနီး ယားသံအမတ်ပြော

ယူကရိန်းစစ်ပွဲဟာ ဥရောပအရှေ့ဘက်က နေတိုးအဖွဲ့ဝင်နိုင်ငံတွေကို ခြိမ်းခြောက်နေကြောင်း အက်စ်တိုးနီး ယားသံအမတ်ပြော

Share this post

နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၂၂

 

ရုရှားနိုင်ငံက ယူကရိန်းနိုင်ငံကို ကျူးကျော်တိုက်ခိုက်မှုဟာ ယူကရိန်းနိုင်ငံရဲ့အိမ်နီးချင်းတွေဖြစ်တဲ့ နေတိုးအဖွဲ့ ဝင်နိုင်ငံတွေရဲ့ဖြစ်တည်မှုကို ခြိမ်းခြောက်နေတာဖြစ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ အက်စ်တိုးနီးယားသံအမတ် ကြီး ကရစ်ဂျန်ပရိခ်က ပြောကြားလိုက်ပါတယ်။

 

“အက်စ်တိုးနီးယားနိုင်ငံအတွက်ရော ကမ္ဘာ့ဘုံဝါဒရဲ့ အခြေခံစည်းမျဉ်းစည်းကမ်းတွေအတွက်ရော အန္တရာယ်ရှိ ပြီး တိုက်ခိုက်နေရတဲ့ဒီစစ်ပွဲမှာ ယူကရိန်းကို ဝိုင်းဝန်းထောက်ပံ့ရမှာဖြစ်ပါတယ်။ အနောက်နိုင်ငံတွေအတွက်က တော့ ဒီစစ်ပွဲဟာ ၁၉၃၉ ခုနှစ် ကိုပြန်ရောက်သွားသလိုပါပဲ။ ပူတင်သာ ဒီစစ်ပွဲမှာ အနိုင်ရသွားရင် အနောက်နိုင် ငံတွေအကုန်လုံးဟာ ဘေးဒုက္ခဆိုးနဲ့ ရင်ဆိုင်ရမှာပဲဖြစ်ပါတယ်။” လို့ ၎င်းက ပြောပါတယ်။

 

ရုရှားအင်ပါယာကနေ အက်စ်တိုးနီးယားလွတ်လပ်ရေးရလာတဲ့ ၁၀၅ နှစ်မြောက်လွတ်လပ်ရေးနေ့အခမ်းအနား ကျင်းပဖို့လုပ်နေစဉ်အတွင်းမှာ သံအမတ်ကြီး ကရစ်ဂျန်ပရိခ်က အခုလိုပြောကြားလိုက်တာဖြစ်ပါတယ်။ အက်စ် တိုးနီးယားဟာ နှစ်စဉ် ဖေဖော်ဝါရီလ ၂၄ ရက်နေ့ (ပြီးခဲ့တဲ့နှစ်မှာ ရုရှားက ယူကရိန်းကိုတိုက်တဲ့ရက်စွဲ) ရောက် တိုင်း ၎င်းတို့လွတ်လပ်ရေးနေ့ကို ကျင်းပလေ့ရှိပါတယ်။

 

အက်စ်တိုးနီးယားနိုင်ငံဟာ ပြီးခဲ့တဲ့နှစ်က ယူကရိန်းကို ဒေါ်လာသန်း ၄၀၀ နီးပါးတန်ကြေးရှိတဲ့ စစ်ရေးအကူအ ညီတွေပေးခဲ့ပါတယ်။

 

အဲဒီပမာဏဟာ နိုင်ငံ GDP ရဲ့ ၁% ကျော်ရှိတယ်လို့ ဆိုပါတယ်။ “ယူကရိန်းစစ်ပွဲမှာ ရုရှားအနိုင်မရအောင်လို့ ကမ္ဘာကြီးက လုပ်သင့်တာမှန်သမျှလုပ်ရမယ်လို့ အက်စ်တိုးနီးယား နိုင်ငံက ခိုင်ခိုင်မာမာ ယုံကြည်ပါတယ်။ ယူကရိန်း ဒီစစ်ပွဲမှာ နိုင်ရမယ်။ ကျူးကျော်သူတွေ ဒီစစ်ပွဲမှာ ရှုံးနိမ့်ရပါ မယ်။” လို့ ကရစ်ဂျန်ပရိခ်က ပြောပါတယ်။

 

ဒီစိုးရိမ်ပူပန်မှုဟာ အက်စ်တိုးနီးယားတစ်နိုင်ငံတည်းဖြစ်နေတာ မဟုတ်ပါဘူး။ ယူကရိန်းစစ်ပွဲမှာ ရုရှားသာ အ နိုင်ရသွားရင် နေတိုးအဖွဲ့ရဲ့အရှေ့ဖျားနိုင်ငံတွေနဲ့ ပဋိပက္ခဆက်လက်ဖြစ်ပွားလာမှာဖြစ်ကြောင်း ပိုလန်အရာရှိ တွေက ပြောပါတယ်။

 

“ရုရှားတွေဟာ ဒီစစ်ပွဲနိုင်ရင် နောက်ထပ်ကျူးကျော်စစ်တွေကို ဆက်လက်ဆင်နွှဲဦးမှာဖြစ်လို့ ကျွန်တော့်အနေနဲ့ ကတော့ ရုရှားကို ဒီစစ်ပွဲမှာနည်းနည်းလေးမှ အနိုင်မရစေချင်ပါဘူး။ သူတို့ဟာ နောက်ထပ်စစ်ပွဲတွေအတွက် ပြင်ဆင်နေပါတယ်။ နောက်ထပ်စစ်ပွဲတွေဆိုတာက ဘော်လတစ်နိုင်ငံတွေနဲ့လည်းဖြစ်နိုင်တယ်၊ ဖင်လန် ဒါမှမ ဟုတ် ပိုလန်၊ ဒါမှမဟုတ် ရိုမေးနီးယား၊ ဒါမှမဟုတ် မယ်လ်ဒိုဗာ ဒါမှမဟုတ် ရုရှားနဲ့ကပ်နေတဲ့ တခြားအိမ်နီးချင်း တိုင်းပြည်တစ်ခုခုပေါ့။” လို့ ပိုလန်ဝန်ကြီးချုပ် Mateusz Morawiecki က Newsweek ကို အခုသီတင်းပတ်အ တွင်းမှာ ပြောပါတယ်။

 

Ref: Estonia: Russia’s war in Ukraine presents ‘existential’ threat to NATO’s eastern members

 

#PeopleMedia

 

(unicode)


……………………………………………….

 


 


 


 


 


 


 


 


 

Ref: Estonia: Russia’s war in Ukraine presents ‘existential’ threat to NATO’s eastern members

 

#PeopleMedia


Share this post