ယူကရိန်းစစ်ဘက်အဆောက်အဦများ ဒုံးကျည်ဖြင့် ပစ်ခတ်တိုက်ခိုက်ခံရ

PUBLISHED - February 24, 2022
နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၂၄ (People Media)
ယူကရိန်းနိုင်ငံတွင်းသို့ ရုရှားနိုင်ငံက ဒုံးကျည်များဖြင့်စတင်ပစ်ခတ်ခဲ့ရာ ကီယက်ဗ်၊ ခါကိဗ်နဲ့ ဒီနီပရို မြို့ကြီးတွေ မှာရှိတဲ့ စစ်ဘက်ဆိုင်ရာအဆောက်အဦတွေကို ဒုံးကျည်တွေထိမှန်ခဲ့တယ်လို့ သိရပါတယ်။
ရုရှားကမ်းတက်ရေယာဉ်တစ်စီး ယူကရိန်းနိုင်ငံအိုဒက်ဆာမြို့က ဆိပ်ကမ်းကို ဆိုက်ကပ်လာပြီး ရုရှားတပ်ဖွဲ့ဝင် တွေကလည်း ခါကိဗ်မြို့အနီးက နယ်စပ်ဒေသကို ဖြတ်ကျော်နေပြီလို့ သိရပါတယ်။
“ရုရှားက စတင်ကျူးကျော်တိုက်ခိုက်နေပါပြီ။ ကီယက်ဗ်၊ ခါကိဗ်နဲ့ ဒီနီပရိုမှာရှိတဲ့ ယူကရိန်းစစ်ဌာနချုပ်တွေ၊ လေယာဉ်ကွင်းတွေ၊ စစ်စခန်းတွေကို ဒုံးကျည်တွေနဲ့ တိုက်ခိုက်နေပါပြီ။ နယ်စပ်ကနေပြီး အမြောက်တွေနဲ့ လည်းပစ်နေပါတယ်။” လို့ ယူကရိန်းပြည်ထဲရေးဝန်ကြီးဌာနရဲ့ အကြံပေးဖြစ်တဲ့ အန်တွန်ဟာရက်ချန်ကိုက ၎င်းရဲ့ဖေ့ဘွတ်ခ်မှာ ရေးသားဖော်ပြထားပါတယ်။
အဲဒီသတင်းကို သတင်းထောက် ယူရီဘူတူဆော့ဗ်က ထပ်မံအတည်ပြုပြောကြားလိုက်ပါတယ်။
“ရုရှားက ယူကရိန်းကို တိုက်ခိုက်နေပါပြီ။ ရုရှားစစ်သားတွေ ကျွန်တော်တို့ မြောက်ပိုင်းနယ်စပ်ကို ဖြတ်ကျော် လာနေပါပြီ။ နိုင်ငံတစ်ဝန်းမှာရှိတဲ့ အထူးသဖြင့် လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့တွေ၊ လေတပ်စခန်းတွေ၊ ထိန်းချုပ်ရေးစနစ်တွေ စတဲ့ စစ်ဘက်ဆိုင်ရာအဆောက်အဦတွေကို ပစ်ခတ်တိုက်ခိုက်နေပါတယ်။ ယူကရိန်း တပ်မတာ်က ခုခံတိုက်ခိုက်နေပါတယ်။” လို့ ဘူတူဆော့ဗ်က ၎င်းရဲ့ ဖေ့ဘွတ်ခ်မှာရေးသားထားပါတယ်။
ကီယက်ဗ်၊ ခါကိဗ်နဲ့ တခြားမြို့ကြီးတွေကို ဒုံးကျည်တွေနဲ့ စတင်တိုက်ခိုက်နေပြီဖြစ်ကြောင်း၊ အိုဒက်ဆာမှာ ရု ရှားကမ်းတက်ရေယာဉ်တစ်စီး ဆိုက်ကပ်လာကြောင်း၊ ရုရှားစစ်သည်တွေ ခါကိဗ်နဲ့ကပ်နေတဲ့ နယ်စပ်ကိုဖြတ် ကျော်လာကြကြောင်း သတင်းထောက် အန်ဒရီရေဆာလီယန်ကိုက ၎င်းရဲ့တွစ်တာမှာရေးသားထားပါတယ်။
ကျူးကျော်တိုက်ခိုက်တဲ့နိုင်ငံရဲ့ခေါင်းဆောင်ဖြစ်တဲ့ ပူတင်ကတော့ ဒွန်းဘက်စ်ဒေသမှာ အထူးစစ်ဆင်ရေးတစ် ရပ်ဆင်နွှဲတယ်လို့ ကြေညာထားကြောင်း Ukrinform သတင်းဌာနရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။
Ref: Ukrainian military facilities attacked
#PeopleMedia
(unicode)
……………………………………………………………….
Ref: Ukrainian military facilities attacked
#PeopleMedia