ယူကရိန်းနယ်မြေကို စတင်ကျူးကျော်တာကို တုံ့ပြန်တဲ့အနေနဲ့ စီးပွားရေးအရေးယူပိတ်ဆို့မှုချမှတ်ကြောင်း ဘိုင်ဒန် ကြေညာ

PUBLISHED - February 23, 2022
နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၂၃ (People Media)
ရုရှားအစိုးရက ယူကရိန်းနိုင်ငံကိုကျူးကျော်ဖို့ ပြင်ဆင်လှုပ်ရှားနေပြီလို့ပြောဆိုလိုက်ပြီးနောက် ရုရှားဘဏ်နှစ်ခု နဲ့ ရုရှားနိုင်ငံရဲ့ထိပ်တန်းသူဌေးကြီးတွေကို ကနဦးစီးပွားရေးအရေးယူ ပိတ်ဆို့မှုချမှတ်လိုက်ကြောင်း ဖေဖော်ဝါ ရီလ ၂၂ ရက်နေ့က အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က ကြေညာလိုက်ပါတယ်။
“ဒီလှုပ်ရှားမှုဟာ ယူကရိန်းနိုင်ငံကို ရုရှားကကျူးကျော်ဖို့ အစပြုလိုက်တာပဲဖြစ်ပါတယ်။” လို့ အိမ်ဖြူတော်ကနေ ထုတ်လွှင့်လိုက်တဲ့ ရုပ်သံမိန့်ခွန်းတစ်ခုမှ ဘိုင်ဒန်က ထည့်သွင်းပြောကြားသွားပါတယ်။
အခုအရေးယူဆောင်ရွက်မှုတွေဟာ ယူကရိန်းပိုင်နယ်မြေကို အတုံးလိုက်အတစ်လိုက်ဖဲ့ယူနေတဲ့ ရုရှားသမ္မတ ဗလာဒီမာပူတင်ကို တုံ့ပြန်တဲ့အနေနဲ့ ပထမဦးဆုံးအစိတ်အပိုင်းတစ်ခုသာရှိသေးကြောင်း ဘိုင်ဒန်က အလေး ထားပြောကြားလိုက်ပါတယ်။
ပူတင်အနေနဲ့ ရုရှားကထောက်ပံ့ထားတဲ့ ခွဲထွက်ရေးဝါဒီတွေထိန်းချုပ်ပြီးသားဖြစ်တဲ့ ဒွန်ဘက်စ်အရှေ့ပိုင်းဒေသ မှာရှိတဲ့ နယ်မြေနှစ်ခုကိုကျော်လွန်ပြီး ရုရှားစစ်တပ်ထိန်းချုပ်မှုကို တိုးချဲ့လာမယ်ဆိုရင် နောက်ထပ်အရေးယူ ပိတ်ဆို့မှုတွေ ထပ်မံဆောင်ရွက်ရမှာဖြစ်ကြောင်း ဘိုင်ဒန်က ပြောပါတယ်။
ရုရှားသမ္မတဗလာဒီမာပူတင်က ခွဲထွက်လာတဲ့နိုင်ငံလေးနှစ်ခုရဲ့လွတ်လပ်ရေးကို အသိအမှတ်ပြုကြောင်း ပြော ဆိုလိုက်ပြီး ရုရှားတပ်တွေအနေနဲ့ အဲဒီဒေသနှစ်ခုမှာ ငြိမ်းချမ်းမှုထိန်းသိမ်းရေးလုပ်ငန်းတွေဆောင်ရွက်သွားမှာ ဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။
“သူ (ပူတင်) က နောက်ထပ်ကျူးကျော်ဖို့အတွက် အကြောင်းရှာနေတာပါ။ ကျွန်တော်တို့ ယူကရိန်းကို စုစည်း ညီညွတ်စွာထောက်ပံ့သွားမှာပါ။ ကျွန်တော်တို့ ရုရှားကျူးကျော်မှုကို စုစည်းညီညွတ်စွာ ဆန့်ကျင်သွားမှာပါ။” လို့ ဘိုင်ဒန်က ပြောပါတယ်။
ကျူးကျော်မှုအတွက် ရုရှားဘက်က တရားမှုတကြောင်းဖြစ်စေ အကြောင်းပြချက်တစ်ခုခုဖြစ်စေ ပြောဆိုလာခဲ့ ရင်ဘယ်လိုသဘောထားပါသလဲလို့ မေးတဲ့အခါ ဘိုင်ဒန်က “ကျွန်တော်တို့ကို တစ်ပတ်ရိုက်လို့မရပါဘူး။ ကျွန် တော်တို့ထဲက ဘယ်သူကမှ အလှည့်စားခံမှာမဟုတ်ပါဘူး။ ဒါဟာ တရားမျှတပါတယ်ဆိုတဲ့ ကျိုးကြောင်းပြဆို ချက်လည်း လုံးဝ မဟုတ်ပါဘူး။” လို့ ပြောပါတယ်။
အခုချမှတ်လိုက်တဲ့ပထမဦးဆုံးအရေးယူပိတ်ဆို့မှုဟာ ရုရှားအစိုးရနဲ့ အနောက်နိုင်ငံတွေရဲ့ ဘဏ္ဍာရေးဆက် သွယ်မှုတွေကို ဖြတ်တောက်ပစ်လိုက်တာဖြစ်ကြောင်း၊ ရုရှားဘဏ်နှစ်ခုနဲ့ ရုရှားသူဌေးကြီးတွေကိုလည်း ပစ် မှတ်ထားပိတ်ဆို့ခဲ့ကြောင်း ဘိုင်ဒန်ကပြောပါတယ်။
အမေရိကန်ပြည်ထောင်စုအနေနဲ့ ယူကရိန်းနိုင်ငံ ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်နိုင်ရေးအတွက် စစ်လက်နက် ပစ္စည်းတွေဆက်လက်ပေးပို့သွားမှာဖြစ်ပေမဲ့လည်း အဆိုးရွားဆုံးအဖြစ်အပျက်တွေကို ရှောင်ရှားဖို့အတွက် သံ တမန်ဆက်ဆံရေးနဲ့ဆောင်ရွက်ဖို့ အချိန်ရှိသေးကြောင်း ဘိုင်ဒန်ကပြောပါတယ်။
Ref: Biden announces sanctions in response to ‘beginning of Russian invasion of Ukraine’
#PeopleMedia
(unicode)
……………………………………………………………
Ref: Biden announces sanctions in response to ‘beginning of Russian invasion of Ukraine’
#PeopleMedia