ယူကရိန်းသို့ ဒုံးခွင်းဒုံးစနစ်များမပို့ရန် အမေရိကန်အား ရုရှားတောင်းဆို

PUBLISHED - February 10, 2022
နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၁၀ (People Media)
ယူကရိန်းနိုင်ငံအတွက် ဒုံးခွင်းဒုံးကာကွယ်ရေးစနစ် (THAAD missile defense systems) များကို ပို့ဆောင်ခြင်း မပြုရန် ရုရှားနိုင်ငံက အမေရိကန်ပြည်ထောင်စုကို တောင်းဆိုလိုက်ကြောင်း ရုရှားဒုတိယကာကွယ် ရေးဝန်ကြီး အလက်ဇန္ဒားပန်ကင်က ပြောကြားလိုက်သည်။
“ဖြေရှင်းဖို့နည်းလမ်းတွေ ရှာဖွေရတာခက်ခဲနေတဲ့အခြေအနေမျိုးမှာ နောက်ထပ် မတိုးသာမဆုတ်သာအခြေအ နေမျိုးထပ်ရောက်အောင် မိုက်မဲတဲ့အလုပ်တွေကို မလုပ်ဖို့ ကျွန်တော်တို့ လုပ်ဖော်ကိုင်ဖက် အမေရိကန်တွေကို တောင်းဆိုပါတယ်။ လက်ရှိအချိန်မှာ အမေရိကန်နိုင်ငံဟာ ကျွန်တော်တို့နဲ့ အမြင့်ဆုံးအဆင့်အပါအဝင် အဆင့် အမျိုးမျိုးမှာဆွေးနွေးနေပါတယ်။” ဟု အလက်ဇန္ဒားပန်ကင်က ပြောသည်။
ရုရှားအစိုးရအနေဖြင့် ပြဿနာများဖြေရှင်းရန် သံတမန်နည်းလမ်းများကို ဆက်လက်အသုံးပြုသွားမည်ဖြစ် ကြောင်း ၎င်းက ပြောသည်။ အမေရိကန်ဒုံးခွင်းဒုံးစနစ်များကို ယူကရိန်းနိုင်ငံ အရှေ့မြောက်ဘက် ခါကစ်ဗ် မြို့အနီးတွင် တပ်ဖြန့်ချထားရန် ယူကရိန်းနိုင်ငံက အမေရိကန်အစိုးရထံတောင်းဆိုခဲ့ကြောင်း သတင်းမီဒီယာ များတွင် ဖော်ပြခဲ့သည်။
ယူကရိန်းနိုင်ငံအတွက် စစ်ရေးအကူအညီများ တိုးမြှင့်ပေးသွားရန် စီစဉ်လျက်ရှိကြောင်း မကြာသေးမီက အမေ ရိကန် နိုင်ငံခြားရေးဝန်ကြီးအန်တိုနီယိုဘလင်ကန်က ကြေညာသွားသည်။
ဖေဖော်ဝါရီလ ၃ ရက်နေ့က ယူကရိန်းတပ်မတော်အတွက် စစ်လက်နက်ပစ္စည်းများတင်ဆောင်လာသော အမေ ရိကန်နိုင်ငံမှ သတ္တမမြောက်လေယာဉ်တစ်စင်း ယူကရိန်းနိုင်ငံသို့ ဆိုက်ရောက်လာခဲ့သည်။
၎င်းအပြင် အမေရိကန်နိုင်ငံက ယူကရိန်းနိုင်ငံအတွက် စစ်ရေးအကူအညီအဖြစ် ဒေါ်လာသန်း ၂၀၀ ကို ထပ်မံ ပံ့ပိုးကူညီခဲ့ကြောင်း ယူကရိန်းနိုင်ငံခြားရေးဝန်ကြီးဒီမီထရိုကူလီဘာက ပြောသည်။
Ref: Russia urges US not to send THAAD missile defense systems to Ukraine
#PeopleMedia
(unicode)
………………………………………………………………….
Ref: Russia urges US not to send THAAD missile defense systems to Ukraine
#PeopleMedia