• Follow Us on
Latest News

Home ယူကရိန်းအတွက် ခဲယမ်းတွေထုတ်လုပ်ဖို့ ပိုလန်နဲ့ အမေရိကန် ဆွေးနွေးခဲ့တယ်လို့ ဆို

ယူကရိန်းအတွက် ခဲယမ်းတွေထုတ်လုပ်ဖို့ ပိုလန်နဲ့ အမေရိကန် ဆွေးနွေးခဲ့တယ်လို့ ဆို

Share this post

နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၂၈

 

အမေရိကန်သမ္မတဂျိုးဘိုင်ဒန် ပိုလန်နိုင်ငံ ဝါဆောမြို့ကိုရောက်နေစဉ်အတွင်း ယူကရိန်းနိုင်ငံအတွက် လိုအပ် တဲ့ ခဲယမ်းတွေအမြောက်အများထုတ်လုပ်ဖို့ ဆွေးနွေးခဲ့ကြောင်း ပိုလန်သမ္မတအန်းဒရီးဒူဒါက ပြီးခဲ့တဲ့သောကြာ နေ့ (ဖေဖော်ဝါရီလ ၂၄ ရက်) က ပြောကြားလိုက်ပါတယ်။

 

“ကျွန်တော်ပြောနိုင်တာကတော့ ယူကရိန်းနိုင်ငံအတွက် လိုအပ်တဲ့ခဲယမ်းတွေကို ပူးပေါင်းထုတ်လုပ်ဖို့ သမ္မတ ဂျိုးဘိုင်ဒန်ကို စကားပြောခဲ့တယ်ဆိုတာပါပဲ။” လို့ ယူကရိန်းနိုင်ငံကို စစ်ရေးအထောက်အပံ့တွေပေးမယ့် အ ကြောင်းမေးမြန်းခဲ့တဲ့ သတင်းထောက်တစ်ဦးရဲ့မေးခွန်းကို သမ္မတအန်းဒရီးဒူဒါက ပြန်လည်ဖြေကြားခဲ့ပါတယ်။

 

“ဒီကိစ္စနဲ့ပတ်သက်ပြီး နိုင်ငံတော်သမ္မတအဆင့်အချင်းချင်းပြောဆိုခဲ့တာဖြစ်လို့ ဒီဆွေးနွေးမှုတွေဟာ ဆက် လက်အကောင်အထည်ပေါ်လာမှာ သေချာပါတယ်။” လို့ ၎င်းက ပြောပါတယ်။

 

ရုရှားရဲ့ ထိုးစစ်အသစ်တွေကို ခုခံတိုက်ခိုက်နိုင်ဖို့ ယူကရိန်းနိုင်ငံအတွက် လုံလောက်တဲ့အမြောက်ကျည်တွေ မ ထောက်ပံ့နိုင်တော့မှာကို မကြာသေးခင်ကာလက အနောက်နိုင်ငံတွေက စိုးရိမ်နေကြပါတယ်။

 

ယူကရိန်းနိုင်ငံအတွက် လိုအပ်တဲ့ခဲယမ်းတွေ ထောက်ပံ့နိုင်ရေး စစ်ရေးအကူအညီတွေကို တိုးမြှင့်ပေးအပ်သွားဖို့ ဥရောပသမဂ္ဂအကြီးအကဲ အာဆူလာဗန်ဒါလီယန်ကလည်း တောင်းဆိုထားပါတယ်။

 

ရုရှားကျူးကျော်စစ်စတင်ခဲ့တဲ့ နှစ်ပတ်လည်နေ့မတိုင်ခင် ပြီးခဲ့တဲ့သီတင်းပတ်ထဲမှာ ယူကရိန်းနဲ့ ပိုလန်နိုင်ငံကို အမေရိကန်သမ္မတဂျိုးဘိုင်ဒန် သွားရောက်ခဲ့ပါတယ်။

 

Ref: Poland, US In Talks To Produce Ammunition For Ukraine

 

#PeopleMedia

 

(unicode)


…………………………………………

 


 


 


 


 


 


 


 

Ref: Poland, US In Talks To Produce Ammunition For Ukraine

 

#PeopleMedia


Share this post