ယူကရိန်းအတွက် တာလတ်/ဝေး လေကြောင်းရန်ကာကွယ်ရေးဒုံးကျည်တွေဝယ်ယူထားပြီးဖြစ်ကြောင်း အမေရိ ကန် ကြေညာသွားမည်

PUBLISHED - June 27, 2022
နိုင်ငံတကာ၊ ဇွန် ၂၇
အမေရိကန်နိုင်ငံက ယူကရိန်းနိုင်ငံအတွက် တာလတ်-တာဝေး မြေပြင်မှ ဝေဟင်ပစ် လေကြောင်းရန်ကာကွယ် ရေးဒုံးကျည်များ ဝယ်ယူထားပြီးဖြစ်ကြောင်း အခုသီတင်းပတ်အစောပိုင်းကာလမှာ ထုတ်ပြန်ကြေညာသွားမယ် လို့ CNN သတင်းဌာနက ရေးသားဖော်ပြခဲ့ပါတယ်။
ယူကရိန်းနဲ့ ရုရှား စစ်ပွဲဆက်ဖြစ်နေစဉ်အတွင်း အမေရိကန်နိုင်ငံက ပိုပြီးခေတ်မီတဲ့ ဒုံးကျည်တွေကို ထောက်ပံ့ ပေးသွားမှာဖြစ်ကြောင်း သမ္မတဂျိုးဘိုင်ဒန်က ကြေညာလိုက်ပါတယ်။
အမေရိကန်သမ္မတဂျိုးဘိုင်ဒန်ဟာ ယူက ရိန်းအရေးနဲ့ပတ်သက်ပြီး G7 နိုင်ငံခေါင်းဆောင်တွေနဲ့ ဂျာမနီနိုင်ငံမှာ တွေ့ဆုံဆွေးနွေးနေစဉ်အတွင်း အခုလို ပြောကြားလိုက်တာဖြစ်ပါတယ်။
ယူကရိန်းတပ်ဖွဲ့ဝင်တွေရဲ့ တောင်းဆိုချက်ကို တုံ့ပြန်တဲ့အနေနဲ့ အမြောက်ကျည်တွေ၊ ရေဒါတွေအပါအဝင် စစ် လက်နက်ပစ္စည်းတွေ ထပ်မံပေးပို့သွားဖို့ရှိတာကို ဒီသီတင်းပတ်ထဲမှာ ကြေညာသွားဖို့ရှိတယ်လို့ ဆိုပါတယ်။
ယူကရိန်းတပ်ဖွဲ့ဝင်တွေကို သီးသန့်သင်တန်းပေးဖို့လိုတာမှန်ပေမဲ့လည်း NASAMS တာလတ်-တာဝေး မြေပြင်မှ ဝေဟင်ပစ် လေကြောင်းရန်ကာကွယ်ဒုံးကျည်ဟာ မိုင် ၁၀၀ ကျော်အကွာအဝေးက ပစ်မှတ်တွေကို ပစ်ခတ်နိုင် တဲ့အတွက် အဲဒီလက်နက်စနစ်တွေပို့ပေးဖို့ ယူကရိန်းအရာရှိတွေက တောင်းဆိုထားပါတယ်။
အမေရိကန်အစိုးရကတော့ ယူကရိန်းနိုင်ငံအတွက် တဖြည်းဖြည်း အကူအညီတွေတိုးပေးသွားမယ်လို့ ကြေညာ ထားပါတယ်။
ပြီးခဲ့တဲ့သီတင်းပတ်က ယူကရိန်းနိုင်ငံအတွက် အတွဲလိုက်ဒုံးပစ်လောင်ချာတွေနဲ့ အမြောက်ကျည်တွေအပါ အဝင် တခြားစစ်လက်နက်ပစ္စည်းတွေ ဒေါ်လာ သန်း ၄၅၀ ဖိုး ပေးပို့သွားမှာဖြစ်ကြောင်း ဂျိုးဘိုင်ဒန် အစိုးရက ကြေညာခဲ့ပါတယ်။
အခုလ အစောပိုင်းကလည်း ဟောက်ဝစ်ဇာအမြောက်တွေ၊ အမြောက်ကျည်တွေနဲ့ ကမ်းရိုးတန်းဒေသကာကွယ် ရေးအတွက် စစ်လက်နက်ပစ္စည်းတွေ ဒေါ်လာ ၁ ဘီလျံဖိုး ထောက်ပံ့သွားမှာဖြစ်ကြောင်း ဘိုင်ဒန်အစိုးရက ပြောပါတယ်။
ယူကရိန်းနိုင်ငံအရှေ့ဘက်မှာဖြစ်ပွားနေတဲ့ စစ်ပွဲမှာ နှစ်ဖက်စလုံးက တပ်ဖွဲ့ဝင်တွေကျဆုံးကြရတာရှိသလို နှစ် ဖက်စလုံးက စစ်လက်နက်ပစ္စည်းတွေလည်း ဆုံးရှုံးခဲ့ရတာရှိကြောင်း စစ်ပွဲနဲ့ပတ်သက်ပြီး အမေရိကန်ဘက်က ဆန်းစစ်လေ့လာသူတွေက ပြောကြားခဲ့ကြောင်း CNN သတင်းဌာနက ပြီးခဲ့တဲ့သီတင်းပတ်က ဖော်ပြခဲ့ပါတယ်။
ယူကရိန်းတပ်တွေ တဖြည်းဖြည်း အားပျော့လာပြီး စိတ်ဓာတ်ကျဆင်းလာအောင်နဲ့ နေတိုးအဖွဲ့ဝင်နိုင်ငံတွေ အ ချိန်အတော်ကြာအလုပ်ရှုပ်နေအောင် ရည်ရွယ်ပြီး ရုရှားတပ်တွေဟာ ယူကရိန်းနိုင်ငံအရှေ့ဘက်မှာ အမြောက် ကြီးတွေ၊ ဒုံးကျည်တွေကို အသုံးပြုပြီး စစ်ပွဲကိုအရှိန် မြှင့်တင်ပြီးထိန်းချုပ်ထားမယ်လို့ အမေရိကန်အရာရှိတွေက ခန့်မှန်းထားပါတယ်။
ယူကရိန်းတပ်တွေအနေနဲ့ ဆိုဗီယက်ခေတ်လက်နက်စနစ်အဟောင်းတွေကို အမြန်ဆုံးကုန်သွားအောင် သုံးစွဲ လျက်ရှိကြောင်း၊ အနောက်အုပ်စုအစိုးရတွေအနေနဲ့လည်း ယူကရိန်းနိုင်ငံအတွက် စစ်လက်နက်ပစ္စည်းတွေ ဆက်လက်ထောက်ပံ့ရမလား၊ မထောက်ပံ့ရဘူးလားဆိုတာကို ဆုံးဖြတ်ဖို့ ခက်ခဲနေကြောင်း သိရပါတယ်။
Ref: US to announce purchase of medium- to long-range surface-to-air missile defense system for Ukraine
#PeopleMedia
(unicode)
………………………………………
Ref: US to announce purchase of medium- to long-range surface-to-air missile defense system for Ukraine
#PeopleMedia