ယူကရိန်းအတွက် အမေရိကန်ရဲ့ အကူအညီအသစ်မှာ ယူရေနီယံ ခဲယမ်းတွေပါဝင်လို့ ရုရှားက ပြစ်တင်ရှုတ်ချ
PUBLISHED - September 7, 2023
နိုင်ငံတကာ၊ စက်တင်ဘာ ၇
ယူကရိန်းနိုင်ငံအတွက် အမေရိကန်ဒေါ်လာ ၁ ဘီလီယံကျော်တန်ဖိုးရှိတဲ့ နောက်ထပ်အကူအညီတွေကို အမေ ရိကန်က ဗုဒ္ဓဟူးနေ့မှာ ထုတ်ဖော်ပြသခဲ့ပြီး အဲဒီအထဲမှာ သက်တမ်းကုန်ဆုံးနေတဲ့ ယူရေနီယံနဲ့ ပြုလုပ်ထားတဲ့ ခဲယမ်းမီးကျောက်တွေ ပါဝင်တယ်လို့ သိရပါတယ်။
“ဒီလိုလက်နက်တွေ ထောက်ပံ့ဖို့ ဆုံးဖြတ်ချက်ဟာ အမေရိကန်ရဲ့ လူသားမဆန်မှုကို မီးမောင်းထိုးပြနေတာ ဖြစ်ပါတယ်။ “ရှင်းရှင်းလင်းလင်းပြောရရင် ‘မဟာဗျူဟာကျတဲ့ ရှုံးနိမ့်မှု’ ကို တွန်းလှန်ဖို့ ဝါရှင်တန်ဟာ နောက်ဆုံးယူကရိန်းကိုသာမက မျိုးဆက်တစ်ခုလုံးကိုပါ ချေမှုန်းဖို့ ပြင်ဆင်နေတာပါ” လို့ ဝါရှင်တန်မှာရှိတဲ့ ရုရှားသံရုံးက ပြောပါတယ်။
အလွန်သိပ်သည်းတဲ့ ယူရေနီယံနဲ့ ပြုလုပ်ထားတဲ့ ကျဉ်တွေဟာ အခြားတင့်ကားဖျက်လက်နက်တွေထက် ထိုးဖောက်ဝင်ရောက်နိုင်စွမ်းမြင့်မားပေမယ့် ပေါက်ကွဲမှုကြောင့် ဖြစ်ပေါ်လာတဲ့ အမှုန်အမွားတွေဟာ လူ့ ကျန်းမာရေးနဲ့ သဘာဝပတ်ကျင်ကို ထိခိုက်စေနိုင်တဲ့ စိုးရိမ်စရာတွေရှိနေပါတယ်။
“ဒီခဲယမ်းတွေ ပေါက်ကွဲရင် ရွေ့လျားနေတဲ့ ရေဒီယိုသတ္တိကြွတိမ်တိုက်တွေဖြစ်လာပြီး အမှုန်အမွားတွေဟာ အသက်ရှူလမ်းကြောင်း၊ အဆုတ်၊ အစာပြွန်၊ ကျောက်ကပ်နဲ့ အသည်းမှာ စုပုံသွားရင် ကင်ဆာဖြစ်စေပြီး သက်ရှိ အားလုံးအတွက် အန္တရာယ်ရှိတယ်ဆိုတာကို သိသိရက်နဲ့ အမေရိကန်က လွဲပြောင်းနေတာဖြစ်ပါတယ်။” လို့ ရုရှားသံရုံးက ပြောပါတယ်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန် ယူကရိန်းနိုင်ငံကို လေးကြိမ်မြောက် ခရီးစဉ်အဖြစ် စက်တင်ဘာ ၆ ရက်နေ့က သွားရောက်ခဲ့ပြီး အဲဒီနေ့မှာပဲ ဇလန်ဇကီအပါအဝင် ယူကရိန်းအခြားအရာရှိတွေနဲ့ တွေ့ဆုံခဲ့ပြီးနောက် သတင်းစာရှင်းလင်းပွဲမှာ ဘလင်ကန် အကူအညီတွေကို ကြေညာခဲ့တာဖြစ်ပါတယ်။
ယူကရိန်းကို အမေရိကန်က ပေးပို့မယ့်အကူအညီထဲမှာ တင်ကားဖျက် ယူရေနီယံကျည်တွေနဲ့အတူ Javelin တင့်ဖျက်ဒုံးကျည်တွေ၊ High Mobility Artillery Rocket Systems (HIMARS) အတွက် နောက်ထပ် ခဲယမ်း မီးကျောက်တွေပါဝင်ကြောင်း သိရပါတယ်။
Ref; aljazeera
#PeopleMedia