ယူကရိန်းအရေးတင်းမာမှုများလျှော့ချရန် ငြိမ်းချမ်းရေးစကားကမ်းလှမ်းစဉ် ဥရောပဒေသရှိ အမေရိကန်စစ်စခန်း များအား စစ်ဆေးကြည့်ရှုခွင့်ပြုရန် ရုရှားအစိုးရ ကမ်းလှမ်း

PUBLISHED - January 28, 2022
နိုင်ငံတကာ၊ ဇန်နဝါရီ ၂၈ (People Media)
ဥရောပဒေသရှိ အမေရိကန်စစ်အခြေစိုက်စခန်းများကို စစ်ဆေးနိုင်ရေးအတွက် ရုရှားနိုင်ငံကို ဖိတ်ခေါ်ခြင်းအပါ အဝင် ယူကရိန်းအကျပ်အတည်း တင်းမာမှုများလျှော့ချရန်အတွက် အမေရိကန်အစိုးရ၏တောင်းဆိုမှုများနှင့် ပတ်သက်၍ အလေးအနက်ထားဆွေးနွေးသွားရန် ရုရှားအစိုးရဘက်က အဆင်သင့်ရှိနေကြောင်း ဇန်နဝါရီလ ၂၇ ရက်နေ့တွင် ရုရှားအစိုးရက ပြောကြားလိုက်သည်။
ရုရှားတပ်ဖွဲ့ဝင်အင်အား ၁၂၅၀၀၀ ကျော် ယူကရိန်းနယ်စပ်တစ်လျှောက်တွင် တပ်ဖြန့်ချထားသောကြောင့် ယူကရိန်းနိုင်ငံအား အတ္တလန်တစ်သမုဒ္ဒရာကျော်လွန်သည့် မဟမိတ်အဖွဲ့အတွင်းသို့ ဝင်ရောက်ခွင့်မပြုရန် တောင်းဆိုခဲ့သည့် ရုရှားနိုင်ငံ၏တောင်းဆိုချက်အား အမေရိကန်နှင့် နေတိုးအဖွဲ့က ယခုသီတင်းပတ်အတွင်းက တရားဝင်ပယ်ချခဲ့သည်။
အမေရိကန်သံအမတ်ကြီးက ရုရှားအစိုးရထံလွှဲပြောင်းပေးခဲ့သည့်စာထဲတွင် အမေရိကန်အစိုးရအနေဖြင့် အခြား နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း အဆိုပြုချက်များပါဝင်သည်။
ယင်းစာထဲတွင် လက်နက်ထိန်းချုပ်ရေးစာချုပ်များ ပြန်လည်အသက်သွင်းရန်၊ စစ်ရေးလေ့ကျင့်မှုများအား ကန့် သတ်ထားရန်နှင့် ဥရောပဒေသရှိ နေတိုးတပ်စခန်းများအားစစ်ဆေးရန် ကာလရှည်တောင်းဆိုနေသည့် ရုရှားအ စိုးရ၏တောင်းဆိုချက်များအား လိုက်လျောရန်တို့ပါဝင်ကြောင်း သတင်းရင်းမြစ်များက အမေရိကန်မီဒီယာများ ကို ပြောသည်။
ဒုတိယဦးစားပေးပြဿနာများကို ဆွေးနွေးရန် အခွင့်အလမ်းရှိသော်လည်း ရုရှားအစိုးရ အဓိကတောင်းဆိုထား သည့် ယူကရိန်းနိုင်ငံကို နေတိုးအဖွဲ့ဝင်အဖြစ် လက်မခံရေးနှင့် အရှေ့ဥရောပဒေသမှ အမေရိကန်တပ်များပြန် လည်ဆုတ်ခွာရေးတို့နှင့်ပတ်သက်၍ တုံ့ပြန်မှုမရှိခြင်းကို စိတ်မကောင်းဖြစ်မိကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီလာဗော့ဗ်က ပြောသည်။
“ဒီစာထဲမှာဖော်ပြထားချက်အရ ပြောရရင်တော့ ကျွန်တော်တို့မျှော်လင့်ထားတဲ့ အဓိကဆွေးနွေးမှုတွေကို ဆွေး နွေးဖို့ တုံ့ပြန်ထားတာပါပါတယ်။ ဒါပေမဲ့ အဲဒါက ဒုတိယဦးစားပေးပြဿနာတွေဖြစ်နေတယ်။ အဓိကဆွေးနွေး ချင်တဲ့ပြဿနာတွေနဲ့ပတ်သက်ပြီး ဘာတုံ့ပြန်ချက်မှ မရပါဘူး။” ဟု ၎င်းက ပြောသည်။
ယူကရိန်းနိုင်ငံနှင့် စစ်မက်ဖြစ်ပွားဖို့ဆိုသည်မှာ စဉ်းစားစရာပင်လိုမည်မဟုတ်ကြောင်း၊ ယူကရိန်းနိုင်ငံ ဒွန်းဘက် ဒေသရှိ ပဋိပက္ခများကို ဖြေရှင်းရန်ရည်ရွယ်၍ မကြာမီကျင်းပမည့် ဆွေးနွေးပွဲများတွင် တိုးတက်မှုများ ရရှိရန် ရုရှားနိုင်ငံက မျှော်လင့်ထားကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးကပြောသည်။
“ဆွေးနွေးဖို့ အခွင့်အလမ်းတွေရှိပါတယ်။” ဟု သမ္မတဗလာဒီမာပူတင်၏ ပြောခွင့်ရပုဂ္ဂိုလ် ဒီမီထရီပက်ကော့ဗ် က ပြောသည်။ ရုရှားနိုင်ငံ၏ အဓိကတောင်းဆိုချက်များကို အမေရိကန်ကငြင်းပယ်လိုက်ခြင်းကြောင့် ရုရှားနိုင်ငံ က စစ်ရေးအရ ချက်ချင်း တုံ့ပြန်ဆောင်ရွက်ရန်မည်မဟုတ်ကြောင်း ၎င်းကပြောသည်။
Ref: Russia offered access to US missile bases in EU as olive branch to ease Ukraine tensions
#PeopleMedia
(unicode)
………………………………………………………………….
Ref: Russia offered access to US missile bases in EU as olive branch to ease Ukraine tensions
#PeopleMedia