ယူကရိန်းမြို့ကြီးလေးမြို့မှာ အရပ်သားတွေ ဘေးကင်းလုံခြုံရာရွှေ့ပြောင်းပေးနိုင်ဖို့အတွက် ရုရှားအစိုးရက အပစ်အခတ်ရပ်စဲထားကြောင်း ကြေညာ

PUBLISHED - March 8, 2022
နိုင်ငံတကာ၊ မတ် ၈
ယူကရိန်းနိုင်ငံ ကိယက်ဗ်၊ ချာနီဟစ်ဗ်၊ ဆူမီနဲ့ မာရီယူပိုးလ် စတဲ့မြို့တွေက အရပ်သားတွေ ဘေးကင်းလုံခြုံရာ ကို ရွှေ့ပြောင်းသွားနိုင်ဖို့အတွက် ရုရှားအစိုးရအနေနဲ့ မော်စကိုစံတော်ချိန် မနက် ၁၀ နာရီမှ မတ်လ ၈ ရက်နေ့ အထိ အပစ်အခတ် ရပ်စဲထားပြီး လူသားချင်းစာနာထောက်ထားမှုလမ်းကြောင်းဖွင့်ပေးထားမယ်လို့ ကုလသမဂ္ဂ ဆိုင်ရာ ရုရှားကိုယ်စားလှယ် ဗာဆီလီနီဘင်ဇာက ပြောကြားလိုက်ပါတယ်။
မတ်လ ၇ ရက်နေ့ (တင်္နလာနေ့) နေ့အစောပိုင်းက ရုရှားအစိုးရက ယူကရိန်းနိုင်ငံ ကိယက်ဗ်၊ မာရီယူပိုးလ်၊ ခါ ကိဗ်နဲ့ ဆူမီ မြို့တွေမှာ မနက် ၁၀ နာရီကနေစပြီး အပစ်အခတ်ရပ်စဲကြောင်း ကြေညာခဲ့ပါတယ်။
ရုရှားတပ်မ တော်ကလည်း ယူကရိန်းနိုင်ငံမှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လမ်းကြောင်းတွေ ဖွင့်လှစ်ထားပေး တယ်လို့ ကြေညာခဲ့ပါတယ်။ ပြီးခဲ့တဲ့ စနေ/ တနင်္ဂနွေ (မတ်လ ၅/၆ ရက်) နေ့တွေမှာလည်း အရပ်သားတွေ ဘေးကင်းလုံခြုံရာရွှေ့ပြောင်းနိုင်အောင်ဆိုပြီး ရုရှားဘက်က ယာယီအပစ်အခတ်ရပ်စဲထားပေး ခဲ့ပါတယ်။
ဒါပေမဲ့ အဲဒီနှစ်ရက်အတွင်းမှာလည်း ရု ရှားဘက်ကအမြောက်ပစ်ခတ်မှုတွေလျော့ပါးမသွားတဲ့အတွက် အရပ်သားတွေကို ဘေးကင်းလုံခြုံရာရွှေ့ပြောင်း မပေးနိုင်ခဲ့ဘူးလို့ ယူကရိန်းအရာရှိတွေကပြောပါတယ်။
မတ်လ ၇ ရက်နေ့မှာတော့ အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာမိုဒီက ယူကရိန်းသမ္မတဇီလန်စကီးနဲ့ရော ရုရှားသမ္မတ ပူတင်နဲ့ပါ တယ်လီဖုန်းလိုင်ကတစ်ဆင့် စကားပြောဆိုခဲ့ပါတယ်။
အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာမိုဒီက ယူကရိန်းနိုင်ငံ ဆူမီမြို့မှာပိတ်မိနေတဲ့ အိန္ဒိယကျောင်းသားတွေကို ဘေး ကင်းလုံခြုံရာရွှေ့ပြောင်းပေးရေးကိစ္စကို ဆွေးနွေးခဲ့ပါတယ်။
အများစုက ဆူမီအစိုးရတက္ကသိုလ်မှာဆေးကျောင်း တက်နေတဲ့ အိန္ဒိယကျောင်းသား ၇၀၀ ခန့်ဟာ လက်ရှိ အချိန်မှာ ယူကရိန်းနိုင်ငံ အရှေ့မြောက်ဒေသမှာသောင် တင်နေကြောင်းသိရပါတယ်။
ဆူမီမြို့မှာသောင်တင်နေတဲ့အိန္ဒိယကျောင်းသားတွေ ဘေးကင်းလုံခြုံရာရွှေ့ပြောင်းပေးနိုင်ဖို့အတွက် တတ်နိုင် သမျှ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ဗလာဒီမာပူတင်က ဝန်ကြီးချုပ်မိုဒီကို ကတိပေးခဲ့ပါတယ်။
အိန္ဒိယအစိုးရက ယူကရိန်းအစိုးရကိုရော ရုရှားအစိုးရကိုပါ အကြိမ်ကြိမ်တိုက်တွန်းတောင်းဆိုခဲ့ပေမဲ့ ယူကရိန်း နိုင်ငံ ဆူမီမြို့မှာသောင်တင်နေတဲ့အိန္ဒိယကျောင်းသားတွေကို ဘေးကင်းလုံခြုံရာရွှေ့ပြောင်းပေးဖို့အတွက် လမ်း ကြောင်းမပွင့်သေးဘူးလို့ တနင်္လာနေ့က ကျင်းပခဲ့တဲ့ ယူကရိန်း-ရုရှား စစ်ပွဲဆိုင်ရာ ကုလသမဂ္ဂလုံခြုံရေး ကောင်စီအစည်းအဝေးမှာ ကုလသမဂ္ဂဆိုင်ရာ အိန္ဒိယနိုင်ငံအမြဲတမ်းကိုယ်စားလှယ် တီအက်စ်တီယူမာတီက ပြောကြားလိုက်ပါတယ်။
Ref: Russia declares ceasefire, to open corridors for civilian evacuation from Kyiv, Sumy, 2 other cities today
(unicode)
……………………………………………..
Ref: Russia declares ceasefire, to open corridors for civilian evacuation from Kyiv, Sumy, 2 other cities today